Part 15(Unicode)

2.4K 100 4
                                    

~သခင်ကြင်လျှင်ချစ်ခြင်းမည်~

"ဒီလိုပွဲမျိုးမတက်ဖူးဘူးထင်တယ်
အစောကြီးရောက်နေကြတာပဲ"

အနားရောက်လာတာနဲ့ ရန်စကားနဲ့လာနွှယ်သည်။

"အစောလာရတာပေါ့ကိုအာကာယံဟိန်းရာ
ကျနော်တို့ကမွေးနေ့ရှင်ကိုကူညီပေးဖို့လေ
သူများကျွေးတာကိုအလကားမစားချင်လို့
တချို့မိဘလုပ်စာထိုင်ဖြုန်းနေတဲ့လူလိုဘော်ကျော့လာစားပြီးပြန်သွားတာမျိုးမလုပ်ချင်ဘူးလေ"

"အဟား…မင်းကငါ့ကိုပြောချင်နေတာပဲ
ပေါ်တင်ကြီးဖဲ့တာတော့လွန်တာပေါ့ကွာ

"ခင်ဗျားကလဲအပြောခံချင်လို့ဒီကိုလာတာမဟုတ်ဘူးလား…ပါးစပ်နဲ့တင်မဟုတ်ဘဲ လက်သီးနဲ့ပါဖဲ့ပေးရမလား"

ခပ်ထေ့ထေ့ပြန်ပြောသည့်နိဒါန်းကို စိုင်းနေတာလက်လာကိုင်ထားသည်။

"နိဒါန်းတော်တော့ အသံလျော့
မပြောနဲ့တော့
သူများမွေးနေ့မှာပြသနာဖြစ်ရင် အားနာစရာကောင်းတယ်"

"ငါကမဖြစ်ချင်ပါဘူးဒီလူကဖြစ်ချင်လို့လာရန်စနေတာလေ"

အာကာယံဟိန်းက ပုခုံးတွန့်ပြသည်။
စောက်ခွက်ထရိုက်ပစ်ချင်စရာ။

"ကိုအာကာယံဟိန်း ကျနော်တို့တောင်းပန်တယ်
ခင်ဗျားလဲတခြားဝိုင်းသွားလိုက်ပါ
ပြသနာဖြစ်ရင် ကာယကံရှင်အကိုဝေဖြိုးအတွက်မကောင်းဘူး ဒီမှာရှိတဲ့လူတွေအကုန် လူကြီးလူကောင်းတွေပဲဆိုတာ ခင်ဗျားသိပါတယ်"

စိုင်းနေကပြသနာမဖြစ်အောင်ကြားကအခြေအနေကိုထိန်းနေသည်။
အာကာယံဟိန်းက နိဒါန်းကိုလက်ညိုးထိုးကာအနားကထွက်သွားသည်။

"နိဒါန်း ထိုင်ပါကွာမင်းကလဲ"

"ငါကွာ အဲ့ကောင်ငါ့ကိုဘလိုင်းလာဖင်ကျယ်နေတာ"

"ဂရုစိုက်မနေနဲ့ မင်းဘဲလာတော့မယ်ထင်တယ်"

စိုင်းနေစကားပင်မဆုံးသေး ကိုကိုနဲ့သူ့ဒယ်ဒီအပြင်အမျိုးသမီးတစ်ယောက်ရယ်ခြံထဲဝင်လာသည်။
ထိုအမျိုးသမီးက ကိုကို့မာမီဖြစ်လိမ့်မည်။

နိဒါန်းကိုလှမ်းမြင်တော့ ကိုကို့မျက်နှာလေးပြုံးသွားကာ ခြေလှမ်းတွေတက်ကြွလာသည်။

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)Donde viven las historias. Descúbrelo ahora