Part 23(Unicode)

3.2K 122 10
                                    

~သခင်ကြင်လျှင် ချစ်ခြင်းမည်~

"ကိုကို ဒီရက်ပိုင်း ကျောင်းမတက်ဘူးလား ကိုစိုင်းနေ"

ကသစ်နဲ့ကိုကို မတွေ့တာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။
ခါတိုင်းဆို ကျောင်းကန်တင်းမှာ ခဏတိုင်းတွေ့သည်။

ကသစ် သူဋ္ဌေးစီက အလုပ်ထွက်ပြီးနောက် ကိုကိုလဲလာကြိုစရာမလိုတော့ မောင်နှမနှစ်ယောက်တွေ့တာ ရှားလာသည်။

ကသစ်လဲ အဆိုတော်ပြိုင်ပွဲတစ်ခုအတွက်လေ့လာပြီး
ကြိုးစားနေတာမို့ ကိုကို့အဆောင်ကိုသိပ်မလာဖြစ်။

ကိုစိုင်းနေကသာ ကသစ်စီ အမြဲလာတွေ့သူမို့
နေ့တိုင်းနီးပါးတွေ့ဖြစ်သည်။

"နိဒါန်းက အန်ကယ်ဦးရာဇသစ် ကုမ္မဏီမှာ လုပ်ငန်းနဲ့ပတ်သက်တာလေးတွေ လေ့လာနေတာ ငယ်လေးရဲ့
သူကတခြားလုပ်ငန်းလုပ်ဖို့ ကြိုးစားအုံးမယ်ပြောပေမဲ့
ဦးရာဇသစ်က သူ့ကုမ္မဏီမှာပဲ လုပ်စေချင်တာတဲ့"

"အော်…ကိုသူ့သခင်နဲ့သဘောတူပြီထင်တယ်"

"ကလေးတောင်ရှိနေမှတော့ သဘောမတူလဲမရတော့ဘူးလေ……ငယ်လေးရော ကိုယ့်ကိုဘယ်တော့အဖြေပေးမှာလဲ"

"အယ် ဘာမှမဆိုင်တာကြီး…"

"မစောင့်နိုင်လို့အဖြေတောင်းတာမဟုတ်ပေမဲ့
ကိုယ့်ချစ်သူဆိုတဲ့အပိုင်စိတ်လေးနဲ့ အနားမှာနေချင်လို့ပါ"

"ကသစ် ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ချင်သေးတယ်ကိုစိုင်းနေ"

"ကိုယ်က ငယ်လေးဝါသနာတွေကို မတားစီးပါဘူး
ဘေးနားကနေ ရပ်တည်ပြီး အားပေးချင်တာ"

"ဟုတ် ကသစ် သေချာစဉ်းစားပါအုံးမယ်"

ကသစ်အနေနဲ့ ကိုစိုင်းနေပေါ် မယုံကြည်လို့မဟုတ်။
ကသစ်အပေါ် ဘယ်လောက်အထိ အနစ်ခံပေးပြီး
အကုန်လိုက်လုပ်ပေးလဲ အမြဲမြင်နေရတာဖြစ်သည်။

ကိုစိုင်းနေရဲ့ဖွင့်ဟချက်က ပေါ့ပျက်ပျက်မဟုတ်တာကိုလဲသိသည်။
ကသစ်အပေါ်အလေးအနက်ထားသူမို့ သူကိုယ်တိုင်
ကိုကို့စီမှာ ခွင့်တောင်းထားမှန်းလဲသိသည်။

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)Donde viven las historias. Descúbrelo ahora