*သခင်ကြင်လျှင်ချစ်ခြင်းမည်*
ညနေစာသွားစားခါနီး နိဒါန်း ကိုကို့စီဖုန်းခေါ်လိုက်သည်။
ဘယ်တုန်းကမှ ဖုန်းခေါ်ရင်ချက်ချင်းမကိုင်။
မာနခံတာလား ဘာလားမသိပေမဲ့ အကျင့်ကနည်းနည်းလေးမှမကောင်း။
အရင်က မကိုင်တာ ထားတော့ ဘာမှမသက်ဆိုင်လို့။
အခုက ရည်းစားပဲဖြစ်နေကြပြီ ချေနေဖို့လိုလို့လား။
"ကျစ်……"
စိတ်ကမရှည်ချင်။
"ပြော"
အော် ဖုန်းကိုင်ဖော်တော့ရသားပဲ။
ကိုယ့်ရည်းစားကဖုန်းဆက်တာများ သူများအတွဲတွေလို မောင်ရေ ချစ်ရေ ကိုရေ သဲရေခေါ်ဖို့မဆိုထားနဲ့
ဟဲလိုတောင် ထူးဖော်မရပဲ
'ပြော'တစ်လုံးနဲ့စသည်။
ကိုသူ့သခင် သိပ်သိပ်ရိုမန့်တစ်ဆန်သောပဲ။
ဘုရားဖြစ်မဲ့ အုတ်နီခဲ။
"ကိုကို အိမ်ရောက်ပြီလား"
"အင်း ကြာပြီ ပြောစရာရှိလို့လား"
အတွဲတွေကြားမှာ ပြောစရာရှိမှဖုန်းဆက်လေ့ရှိကြတာလား။
ကိုယ့်ရည်းစားမို့ အီရမလားမှတ်တယ် ပြောစရာမရှိရင် မဆက်နဲ့ဆိုတဲ့အချိုး။
"အဲ့လိုတော့မရှိဘူး
သတိရလို့…ဖုန်းတမ်းမကိုင်တော့ မရောက်သေးဘူးထင်နေတာ"
"ရေချိုးခန်းဝင်နေလို့…မင်းရော အပြင်မသွားဘူးလား"
"ခဏနေ ထမင်းသွားစားတော့မှာ
ဟိုကောင်တွေမပြီးသေးလို့"
"အော်…စာမေးပွဲနီးပြီ
မင်းစာတွေရော လေ့လာရဲ့လား"
"ဟုတ် အဆင်သင့်မဖြစ်သေးပေမဲ့
ကြိုးစားမှာပါ"
"ကြိုးစားဖို့လိုတာပဲ…ငါ့ချစ်သူက
လေလွှင့်နေတာမျိုးဖြစ်နေလို့တော့မရဘူးလေ"
"ဘာလို့လဲ ကိုကို"
"မင်းဘက်ကပေါ့ပေါ့တန်တန်တွေးထားတာမဟုတ်ရင်
တနေ့ငါတို့လက်ထပ်ရမှာပဲလေ အဲ့ဒီအတွက် အခုကတည်းကပြင်ဆင်ထားဖို့လိုတယ်မဟုတ်ဘူးလား မင်းဘယ်လိုထင်လဲ"
"အာ…ကိုကိုပြောတာမှန်ပါတယ်
ကျနော်လဲအဲ့လိုတွေးပါတယ်…
ထမင်းသွားစားတော့မှာမို့ ဒါပဲကိုကို"
