~သခင်ကြင်လျှင်ချစ်ခြင်းမည်~
" ဒီနေ့စောပါလားနိဒါန်းသစ်
ဘာလဲမင်းညီမကို ငါဒုက္ခပေးမှာစိုးလို့လာကြိုတာလား"ဆိုင်အပြင်မှာ နိဒါန်းစောင့်တုန်း
အနားကိုအာကာယံဟိန်းရောက်လာသည်။"ကိုအာကာယံဟိန်းမတွေ့တာတောင်ကြာပြီ"
အမှန်တကယ်လဲ နိဒါန်းတို့မဆုံတာကြာပြီဖြစ်သည်။
ညီမလေးအလုပ်ရှင်ကသူဆိုတာတောင် အကိုဝေဖြိုးပြောလို့သိခဲ့ရခြင်း။"ဘာလဲမတွေ့ချင်ပဲပြန်တွေ့ရလို့အံ့သြသွားတာလား"
"မအံ့သြပါဘူးပြန်တွေ့ရလို့ဝမ်းသာပါတယ်"
"ငါကတော့ဝမ်းမသာဘူး"
"ကျနော်နားလည်ပါတယ်
ဖြစ်ခဲ့သမျှကတမင်ဖန်တီးယူခဲ့တာမှမဟုတ်တာ
ခင်ဗျားနဲ့ ကိုသူ့သခင်အဆင်မပြေဘူးလား""ပြေနေမလား သခင်ကမင်းမှမင်း
မင်းနဲ့ငါကလဲရေစက်ဆိုးပဲ
ပိုဆိုးတာမင်းငါ့စီက သခင့်ကိုလုယူသွားတာပဲ
မင်းပြန်ပေးဆပ်ရမယ်ငါ့စီကယူသွားတဲ့တန်ဖိုးအတိုင်းပြန်ပေးဆပ်ရမယ်""ကျနော်တောင်းပန်ပါတယ် ကိုအာကာ
ကျနော်မရည်ရွယ်ခဲ့ပါဘူး
အဲ့ဒီတုန်းကလဲမခံချင်စိတ်ကြောင့်
ခင်ဗျားကိုအနိုင်ယူသလိုဖြစ်ခဲ့တာပါ
ကျနော်တို့ဖြစ်ခဲ့တဲ့ကိစ္စကတခြားသူနဲ့မဆိုင်ပါဘူး
ညီမလေးနဲ့လဲမဆိုင်တာမို့
ခင်ဗျားလက်တုန့်ပြန်ချင်တယ်ဆိုရင်
ကျနော့်ကိုပဲ ကြိုက်သလိုလုပ်ပါ ကျနော့်ဘက်က
ဘာမှပြန်မလုပ်ပါဘူး
ကျနော်ကသေချင်နေတဲ့လူမို့သတ်ချင်တယ်ဆိုရင်သတ်ပစ်လို့ရပါတယ်""အေး သတ်မှာငါမင်းကိုသေအောင်သတ်မှာ နိဒါန်းသစ်"
~ခွပ်. .ခွပ်. .ခွပ်~
နိဒါန်းသစ်မျက်နှာကိုလက်သီးနဲ့ဆွဲထိုးပစ်လိုက်သည်။
ဖင်ထိုင်လဲကျသွားသည်ကိုပြန်ဆွဲထူကာ ဆက်ထိုးပစ်လိုက်သည်။ဒါတင်မကဘဲစိတ်ရှိလက်ရှိရိုက်နှက်နေမိသည်။
နိဒါန်းသစ်ဘက်ကတစ်ချက်မှလက်တုန့်ပြန်ချင်းမရှိပေမဲ့လဲအာကာမကျေနပ်နိုင်။
