~သခင်ကြင်လျှင်ချစ်ခြင်းမည်~
"ဒီက ဘယ်သူလဲဗျ"
"ကျနော်အန်ကယ်ဦးရာဇသစ်ကလွှတ်လိုက်တာပါ
ကိုသူ့သခင်တို့ကိုလာကြိုတာပါ"
"အော်…ဒါနဲ့ကျနော့်ကိုဘယ်လိုသိတာလဲ
ကျနော်နဲ့တွေ့ဖူးတဲ့သူလား"
"ဓာတ်ပုံပြလိုက်လို့ပါ"
"နာမည်ကဘယ်လိုခေါ်လဲ
ကျနော့်စိတ်ထဲ သိနေသလိုပဲမို့"
တကယ်လဲ ထိုသူ့စီက ကိုယ်သင်းနံ့ကို သခင်ခံစားမိနေသည်။
အနံ့မပျင်းသည့်ရေမွှေးနံ့ကလဲ မောင်သုံးခဲ့သည့်အနံ့ဆိုတာ မှတ်မိသည်။
အသံကမောင်နဲ့ဆင်တူပေမဲ့ အနည်းငယ် အက်ရှရှရှိသည်။
"ကျနော် ကုမ္မဏီက ဒါရိုက်ဘာပါ
ကားကအပြင်မှာပါ"
"အော်…ဒယ်ဒီကဘာလို့မလာတာလဲ
ကုမ္မဏီမှာမအားလို့လား"
"မအားလို့ပါဗျ အစည်းဝေးတက်နေရလို့ပါ
ကျနော့်ကိုအဝတ်စားအိတ်ပေးပါကျနော်သယ်ပေးမယ်"
"ရပါတယ်ကျနော်ကိုယ်ဘာသာသယ်လိုက်မယ်
သားကိုချီခေါ်ပေးပါလား ကလေးညောင်းနေမှာစိုးလို့"
သားကိုချီခေါ်ဖို့ပြောသည့်ကိုကို့ကြောင့် နိဒါန်းဝမ်းသာသွားရသည်။
အဝေးကမြင်နေရကတည်းက သားကိုပြေးချီချင်ခဲ့တာဖြစ်သည်။
"ဟုတ်ကဲ့"
သားကိုဆက်ခနဲ့ကောက်ချီပစ်လိုက်သည်။
"လာပါခင်ဗျကားကအပြင်မှာရပ်ထားပါတယ်"
သားမျက်နှာကိုသေချာကြည့်ကာ သူ့လက်တွေကလဲ သားကျောပြင်လေးကို ဖွဖွပွတ်နေသေးသည်။
သခင့်စိတ်ထဲမတင်မကျနဲ့သာ ထိုလူနောက်ကိုလိုက်လာခဲ့သည်။
ဦးထုပ်တွေmaskတွေ ဇွတ်အတင်းချွတ်ခိုင်းလျှင်လဲ ရိုင်းရာကျမည်မို့ ကားပေါ်သာတက်ခဲ့ရသည်။
အဝတ်စားအိတ်ကိုကားပေါ်တင်ပြီး ထိုသူလဲ တဖက်ကနေမောင်းသူနေရာဝင်ထိုင်သည်။
"မောင်းလို့ရပါပြီ
ကုမ္မဏီကိုပဲသွားလိုက်မယ်"
"ဟုတ်ကဲ့"
နိဒါန်း မှန်ကတဆင့်ကိုကို့မျက်နှာကိုငေးမိသည်။
သားကိုပဲအာရုံစိုက်နေသည့် ကိုကိုက မှန်ကိုလှမ်းကြည့်တော့ အမူအယာမပျက် မောင်းထွက်ခဲ့သည်။
ကိုကိုနဲ့သားကို ခဏတိုင်းခိုးကြည့်ရတာလဲ ကြည်နူးစရာတစ်ခုပင်။
