နှောင်ကြိုး
(4)
လူတိုင်းအချစ်ကိုခံစားဖူးကြတယ်မဟုတ်လား...ကျနော်တို့တွေဟာ အချစ်ကြောင့်ပဲ ရယ်ရတယ်... ငိုရတယ်...ပျော်ရွှင်ရတယ်... ဝမ်းနည်းရတယ်...ခံစားချက် အစုံပေးတဲ့အချစ်...ချစ်မိသွားရင်ဆေးမရှိ... ဘယ်လောက်ပဲ နာကျင်နေပါစေ ဖက်တွယ်မိနေသော...တွယ်တာမိနေသော....မြတ်နိုးရပါသောလေ.....ကိုယ်ချစ်ရသူရဲ့ မျက်နှာလေးဟာ ....အားဆေး ♥
အပြုံးလေးက မနက်စာ...
စကားသံလေးတွေက နေ့လည်စာ...
လူပ်ရှားမူလေးတွေက ညစာ....
တကယ်ပါ အဲ့လောက်ချစ်ရသည်။
မဟုတ်ဘူး.... အဲ့ထက်ပိုချစ်ရသည်.....................................................................
အလုပ်မှ ပြန်လာသော jimin သည် လက်ဆွဲအိတ်ကို အန်တီလေးသို့ ပေးပီး အပေါ်ထပ်သို့တတ်လာခဲ့သည်။
အခန်းတံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရသော မြင်ကွင်းသည် ရုတ်တရက် မို့ စကားသံပင် မထွက်နိုင်....."Jungkook.....ပြန်ရောက်ပီလားး ဟင်...''
"Ahh...park jimin ခင်ဗျားရဲ့ မီးခံသေတာ Pws ကျနော်ကို ပေးထား''ပြန်ရောက်ရောက်လာချင်းး အပြုံးလေးက နူတ်ဆတ်စကား တောင်မဆိုပဲ သူသဘောကျသော ကျနော့် ပိုက်ဆံလေးတွေ အကြောင်းပြောလာတော့.... အပြုံးလေးဖြင့်
"ကိုယ် မင်းကို ပေးမှာပါ jungkook''
"ထမင်းစားပီးပီလားး ကိုယ်ပြင်ပေးရမလားး...''"နေ..နေ.. မလိုဘူး ....အဒေါ်ကြီးပြင်ပေးတာပဲစားမယ်..''
"အင်းပါ....ကိုယ်ရေချိုးလိုက်ဦးမယ်..
ဗိုက်ဆာနေရင် အရင်စားနှင့်နော်.... ခနနေရင် ကိုယ်ဆင်းလာခဲ့ မယ်...''
"ဟ..ဟ..park jimin ကျနော်နဲ့ ထမင်းလက်စုံစားဖို့ကို မျော်လင့်နေတယ်လားး...
အဆိပ်ခတ်သတ်ပစ်မှ မကြောက်တဲ့ အတိုင်းပဲ''ရုတ်တရက် ရက်စက်စွာထွက်လာသော စကားသံကြောင့် jimin ခြေလှမ်းတွေတောင် မှားကာ
မျက်နှာလေးမဲ့ကျသွားသည်။ပါးပေါ်မှာလဲ မျက်ရည်စက ကျလာသည်။ဒီကလေးနဲ့ ပတ်သတ်ရင် တမိုးအောက်က park jimin လဲ မျက်ရည်လွယ်တတ်လာခဲ့......"မင်းက သတ်ပစ်ရဲရင် ကိုယ်ကသေရဲရမှာပေါ့
ကိုယ့်ဘဝက မင်းလက်ထဲမှာပါ''စနောက်နေတာ မဟုတ်အတည်ပြောနေမှန်း Jungkook သိသောကြောင့် အသံထွက်အောင် ဟားတိုက်ရီလျက်....

YOU ARE READING
နှောင်ကြိုး
Romanceဘဝမှာ အချစ်ကိုတကြိမ်သာလျင်ထိတွေ့ဖူးပီး တယောက်ထဲကိုပဲ သိသော Park jimin..... ငယ်သေးတာမို့ အချစ်ကို မမြင်နိုင် မသိနိုင်ပဲ ကိုယ်စိတ်ကြိုက်တွေပဲရွေးလုပ်နေရင်း တဖတ်လူရဲ့ အချစ်ကို မမြင်နိုင်ခဲ့တဲ့ Jungkook.... သူပျော်နေဖို့ အရေးကြီးတာပါ ဆိုတဲ့ စကားလုံးကိုပ...