15

2.6K 242 3
                                    

နှောင်ကြိုး

(15)

မောင် အိမ်ပြန်မလာတာ နှစ်ရက်ရှိပီ.....အကြိမ်ကြိမ်တောင်းပန်ကာ မောင့်ကို တားဖို့ ကြိုးစားသော်လည်း...အရာမထင်..မောင်ဟာ တကယ်ကို ရက်စက်လွန်းပါတယ်....
အိပ်ရာထဲ မှာမောင့်စိတိနဲ့ မစားနိုင် မအိပ်နိုင် တနေကုန် ထိုင်ငိုနေလဲ ဖေးမပေးမယ့် မောင်ကမရှိ..
မောင်က ဒဏ်ရာတွေသာ ပေးသွားခဲ့ပေမယ့် ပြန်ကုစားပေးဖို့တော့ စိတိကူးမရှိဘူး ထင်ပါရဲ့....

.....................................................................

တီ..တီ..တီ...

"ဟုတ်ကဲ့... ဆရာ..''

JM:"အတွင်းရေးမှူးဂျို..ကျနော့ကို ကားလွတ်ပေးပါဦး..''

"ဆရာ.. နေမကောင်းရင် အလုပ် ကိစ္စတွေကို စိတိမပူပဲ နားနေပါဦး...''

JM:"ကျနော် သက်သာနေပါပီ...ကျနော်ဝင်စရာလေးရှိသေးလို့ နည်းနည်းတော့ နောက်ကျမယ်... ကားပဲ အရင်လွှတ်ပေးလိုက်ပါ....''

"ဟုတ်ကဲ့ပါ ဆရာ.."

အတွင်းရေးမှူး ဂျိုကို ကားလွတ်ပေးခိုင်းကာ..ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာ..အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"အကိုလေး...မနက်စာ ပြင်ပေးရမလား..''

JM:"နေပါစေ..အန်တီ ကျနော်..စားချင်စိတ်မရှိသေးလို့...''

အန်တီလေးကို လက်ကာပြလိုက်ကာ ကားရောက်လာသောကြောင့်..လကိဆွဲအိတ်ကိုယူကာ ကားပေါ်တတ်၍...

"ကျနော့်ကို (.....)ကို မောင်းပေးပါ...ဦးလေး''

Jimin ဦးတည်လိုက်သည်မှာ တခြားကိုမဟုတ်..Mr.kim ဆီကို ဖြစ်သည်။
Mr.kim လိုချင်တာကို အသာတကြည်ပေးပီး မောင့်ကို ပြန်လည်ပိုင်ဆိုင်နိုင်အောင်... Mr.kim နှင့်စကားပြောရမည်ဖစ်သည်။မောင် အိမ်ပြန်မလာတဲ့ နှစ်ရက်လုံး...တစ်ရက်မှ အိပ်မရခဲ့... အစားလဲ မဝင်ခဲ့.... မောင့်ကို စိတ်ပူလွန်း၍...သူရွေးလိုက်သော လမ်းဟာ မှားမည်ဆိုလဲ မှားစေတော့....ပိုင်ဆိုင်တာတွေ အကုန်လုံးနဲ့ ကိုယ်လဲရဲတယ်မောင်....
...................................................................

ဒီနေ့ Jimin အလုပ်ပြန်ဆင်းမည်ဆိုသော သတင်းကို အတွင်းရေးမှူး ဂျိုဆီမှ သိရသည်နှင့် Taehyung သည် Jimin တို့ Company သို့ ထွက်လာခဲ့သည်.....

နှောင်ကြိုးWhere stories live. Discover now