13

2.5K 244 5
                                    

နှောင်ကြိုး

(13)

မောင့်ဆီက ရက်စက်မူအပြည့်နှင့် စကားများကို ကြားရပီးနောက် ပိုင်း... ေမာင်နှင့် မဆုံဖစ်အောင် ရှောင်နေမိသည်..မောင့်ကို မချစ်၍မဟုတ်....ထပ်ပီး ခံနိုင်ရည်မရှိ.... ယုံကြည်မူမရှိသော ကြောင့် ရှောင်နေမိခဲ့ပါသည်။

"CEO park...ဧည့်သည်တွေ ရောက်လာပါပီ..''

JM: "ဟုတ်ကဲ့....Coffee စီစဥ်ပေးပါ..အတွင်းရေးမှူး ဂျို..''

" ဟုတ်ကဲ့ ''

တံခါးဖွင့် ကာ ဝင်လာသူကတော့ တခြားသူမဟုတ် Taehyung....Paris မှပြန်လာတာမကြာသေးကာ... Korea တွင် အခြေခြနေကာ..လုပ်ငန်းတစ်ခုတွင် ရှယ်ယာ ဝင်မယ့် အရမ်းချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်ပေါက်စလေး Taehyung...တနည်းအားဖြင့် ဆိုရရင် Park Jimin ကို ကာကွယ်ပေးဖို့ ရှေ့တက်လာသူလေး...သူ့အချစ်တွေနဲ့ Jimin လေးကို ပျော်စေမယ့်သူလေး...

JM:"ဝင်လာခဲ့ ပါ Taehyung shi....''

အပြုံးလှလှလေး...လွမ်းနေခဲ့တာ...ဟင်...လက်မှာ ပတ်တီးဖြူဖြူလေးစီးထားကာ ဖြူလျော့လျော့ မျက်နှာလေး....ကလေးရယ်....အရမ်းနာနေလားဟင်.....ကိုယ်မင်းကို အခုက စပီးကာကွယ်ပေးမယ်နော်.....

Taehyung:"တွေ့ရတာ ဝမ်းသာပါတယ်... Jimin shii....ကျနော် Taehyung...ပါ''

နူတ်ဆတ်လက်ကမ်းလိုက်သော အခါ ထိတွေ့လိုက်ရသော လက်နုနုလေး...ကျနော် ဆုပ်ကိုင်လိုက်လျှင် ကျနော့် လက်ထဲမှာ မြုပ်သွားတဲ့ ကလေးသာသာလက်ကလေး....

JM:"ခုလို အပြိုင် Company တွေအများကြီးထဲကမှ ကျနော့် Company ကို လက်ကမ်းပေးတာ ကျေးဇူးတင်ပါတယ်....ရှေ့ဆက်ပီး...ကျနော်တို့ နှစ်ယောက်လုံးအတွက် အတွေ့အကြုံကောင်းတွေ အများကြီးရမယ်လို့ မျှော်လင့်မိပါတယ်....''

ဒီကောင်ကြီး ပိုင်သမျှက မင်းအတွက်ပါ ကလေးရယ်....မင်းအတွက် ပြန်လာခဲ့တာပါ....ကိုယ့် အသက်..ကိုယ့်ဘဝ...ကိုယ့်ပိုင်ဆိုင်မူ အရာရာဟာ မင်းအတွက်ပါ.....

Taehyung:"Jimin shi ရဲ့ အလုပ်အပေါ် ကြိုးစားမူတွေ ဟာ သတင်းအရမ်းကျော်ဇောလွန်းတာကြောင့် ကျနော်ဘယ်လို... မရွေးချယ်ပဲ နေနိုင်မှာလဲ ဗျာ...''

နှောင်ကြိုးWhere stories live. Discover now