18

3.3K 264 10
                                    

နှောင်ကြိုး

(18)

ခံနိုင်ရည်..အားတွေ.. ကုန်လွန်လို့ သွားချိန် ငါလေတစ်​ယောက်ထဲပါ ဆိုးရွားနေလို့...ဟိုးအရင်ကလို မင်းပြန်ချစ်နိုင်မလား...........

.....................................................................

ခွဲခန်းထဲ ဝင်ခါနီး ဆဲဆဲ.....ဖြစ်နိုင်​ခြေက 80% မှာ 20 % သာ အောင်မြင်နိုင်ချေရရှိတဲ့ ရှားပါးလွနိးသော..ခက်ခဲလွန်းသော.. ခွဲစိတ်မူတစ်ခု...
အသက်တွေကို လောင်းကြေးထပ်ကာ..ဘဝတွေရင်းထားရတဲ့.... တိုက်ပွဲ...

တကယ်လို့ တစ်ခုခု အမှားအယွင်းရှိခဲ့ ရင်တောင် ...အရင်ထွက်သွားမယ့် သူဟာ..ကိုယ်ပဲ ဖြစ်ပါရစေ..........

"ခွဲစိတ်မူကို စတင်ပါမယ်....ဒေါက်တာ..ကပ်ကြေးး''

"ဟုတ်ကဲ့... ဆရာ''

အချိန်တွေဟာ တရွေ့ရွေ့......
Jimin ရဲ့ အဖေဖြစ်သူ ဥက္ကဋ္ဌ ကြီး Park Won သည်လည်း...အပြင်မှာ ရောက်နေခဲ့ပီ ဖစ်သည်...အန်တီလေးနှင့်...Jungkook ၏ အဖေ အမေ တို့သည်လည်း ညတွင်းချင်းပင် ရောက်လာခဲ့ ကြသည်....Jungkook ကိုမူ..အရိပ်အယောင်ပင် မတွေ့ရ....အတွင်းရေးမှူး ဂျို...နှင့် Company မှ လူတချို့သည်လည်း Jimin သတင်းကြားသည်နှင့် ဆေးရုံသို့ရောက်ရှိနေကြသည်။

"ဒေါက်တာ....လူနာက သွေးပေါင် အရမ်းကျနေပါတယ်....''

"ကျနော်တို့ သွေးမလောက်တော့ ဘူး...ဒေါက်တာ..''

တီ~တီ~တီ~

"ဒေါက်တာ....လူ..လူနာ က သွေးပေါင် အရမ်းထိုးကျနေပီ ဆရာ...''

"လူနာရှင်ရဲ့ အခြေအနေဘယ်လိုရှိလဲ....ဆရာမ''

"ဒေါက်တာ...လူနာရှင်..ဆီက သွေးထပ်ယူဖို့ အဆင်မပြေလောက်တော့ ဘူး...''

"ဆရာမ.... ဆရာမ....လူနာရှင်ကိုခံနိုင်ရည်ရှိသေးလားး...မေး...ဆုံးဖြတိချက်ကို မြန်မြန်ချမှ ရမယ်....အချိန်မရှိဘူးးးသွားး....''

"ဟုတ်..ဟုတ်ကဲ့..''

"လူ..လူနာရှင်...''

"ကျွန်မတို့ သွေးထပ်ယူမှ ဖြစ်မယ်....သွေးမလောက်ဘူး...အဆင်​ပြေမလားး ခံနိုင်ရည်ရှိသေးလား....''

သြော်....ဆရာမရယ်..ကျနော့်ကိုယ်ထဲက သွေးတွေ တစက်မကျန်အကုန်ယူတာတောင် အဆင်ပြေပါတယ်ဆိုဗျာ....

နှောင်ကြိုးWhere stories live. Discover now