နှောင်ကြိုး
(29)
တီ....တီ...တီ...တီ...
ဖုန်းမြည်သံနှင့် အတူ မောင်တစ်ယောက် အိပ်နေရာမှ နိုးသွားကာ...မျက်လုံးပင် မဖွင့်သေးပဲ..
"Hello..''
"Hello ဘယ်သူပါလဲ...''
"ငါ...Taehyung..''
Taehyung ဆိုသော အသံကြားတာနဲ့ jungkook မျက်လုံး အစုံတို့ ပြူးကျယ်သွားကာ....
"ဘာကိစ္စ ရှိလို့လဲ...''
"ပြောစရာရှိတယ်...(....) ကိုလာခဲ့..''
လိပ်စာပြောပီး ဖုန်းချသွားခဲ့ သည်မို့....ဖုန်းကို ကိုင်ပီး... Jimin လေးကို အသဲအသန်ပြေးရှာသည်.....
"အဒေါ်ကြီး.....Jimin လေးရော...''
"အကိုလေး...အလုပ်သွားပီလေ...''
နာရီကို တချက်ငုံ့ကြည့်လိုက်တော့ 10:30...
မနက် အစော အလုပ်ထသွားသူမို့...
ဒီအချိန်ဆို Company မှာ အလုပ်များနေလောက်ပီ.....အလုပ်သွားတာ နိူးမသွားဘူး...
ခုတော့ မျက်နှာလေး မမြင်ရတော့ ဘူး Jimin shiii....
တကယ်ကို ရက်စက်တယ်....
တွေးချင်တာတွေ တွေး ကိုယ့်ဘာသာ ဒရမ်မာ ခင်းချပီး... ဆူပုတိနေသော Jungkook ကို"အကို လေးက မနက်စာ သေချာစားဖို့ မှာသွားပါတယ်....''
ဆူပုတိနေရာမှ ချက်ချင်းပြုံးသွားကာ.....
Jungkook:"Jimin လေးက မနက်စာဆို ဘာစားတတ်လဲ အဒေါ်ကြီး...''
"အကိုလေးက ဂျီးမများဘူး အကုန်စားတယ်...
ဒါပေမယ့် မျက်နှာ မသစ်ပဲ စားတာကို တော့ သူက မကြိုက်ဘူး....''မျက်နှာ မသစ်ပဲ မနက်စာတွေကို ဟိုကိုင်ဒီကိုင်
လုပ်နေခြင်းကြောင့် တမင်ပြောလိုက်ခြင်းဖြစ်သည်....Jungkook:"မျက်နှာ သစ်မှာပါ...အခုမှ နိုးလာတော့ သူ့ကို မတွေ့လို့လာမေးတာ....ခုပဲ သွားသစ်ပီ...''
သြော်...ဒီလိုလေးကျတော့ လဲ...အကိုလေးချစ်ရသူလေးက အကိုလေးကို ပြန်ချစ်တာ မြင်ရတော့ jungkook လေး အပေါ် အမြင်ကြည်ရပြန်သည်.....
အကိုလေးအပေါ် မှားခဲ့ တာတွေ ရှိပေမယ့်..... ခုလို ပြန်အေးချမ်းနေတာ မြင်ရတော့လဲ.....
ခွင့်လွတိပေးရမလိုလို......
YOU ARE READING
နှောင်ကြိုး
Romanceဘဝမှာ အချစ်ကိုတကြိမ်သာလျင်ထိတွေ့ဖူးပီး တယောက်ထဲကိုပဲ သိသော Park jimin..... ငယ်သေးတာမို့ အချစ်ကို မမြင်နိုင် မသိနိုင်ပဲ ကိုယ်စိတ်ကြိုက်တွေပဲရွေးလုပ်နေရင်း တဖတ်လူရဲ့ အချစ်ကို မမြင်နိုင်ခဲ့တဲ့ Jungkook.... သူပျော်နေဖို့ အရေးကြီးတာပါ ဆိုတဲ့ စကားလုံးကိုပ...