နှောင်ကြိုး(10)
မနက် 8:00 .....
မနက် အစောကြီး Jin နှင့် Hoseok တို့ကိုခေါ်ကာ ချစ်ရသူလေး၏ Company ရှေ့မှာ Taehyung တစ်ယောက်... နေမထိ ထိုင်မသာ..ရင်တွေ ခုန်လွန်းသောကြောင့် နှလုံးသားတစ်စုံ ကို အပြင်သာ ထုတ်ထားလိုက်ချင်တော့သည်။....Hoseok:''Taehyung.... မင်းကလဲကွာ ..ကားထဲဝင်နေစမ်းပါ အေးရတဲ့ကြားထဲ...''
Jin:'' ပစ်ထားလိူက်..seok လေး..အဲ့ကောင်က အေးပီး ခဲသွားရင်တောင်.. တောင့်တောင့်ကြီး ရပ်နေဦးမှာ..တကယ်ပါပဲကွာ... နေ့လည်ထမင်းစားချိန့လဲ လာကြည့်လို့ရပါတယ်..ခုဟာက မနက်အစောကြီး...''
Taehyung:''တိတ်တိတ်နေကြစမ်းပါဗျာ..ဒီမှာ ရင်တွေခုန်ရတဲ့ အထဲ..''
Jin နဲ့ Hoseok တို့ ပြောမရ၍ မျက်စောင်းထိုးကာ ငြိမ်နေကြသည်...။
8:05 မိနစ်.....
အဖြူရောင် ကားလေးတစ်စီး... ဆိုက်ရောက်လာကာ...Hoseok ဆီမှ ထွက်လာသောစကားသံ....Hoseok:''ဟေ့ ဟေ့ရောင်..ဟိုမှာ မင်းအသက်...အဲမဟုတ်ပါဘူး.. မင်း Jimin''
Taehyung တစ်ယောက် ကြည့်လိုက်မိရာမှာတော့....
အလှ နတ်ဖုရားလေး...ဟာဗျာ...လှလိုက်တာ..
လှရက်လိုက်တာ...ကြည့်ပါဦး..အဝေးကကြည့်တာတောင်... ထင်းလင်းနေသော ကျွန်တော် ချစ်ရသူလေး...ကြွကြွလေး လမ်းလျောက်လာတာဗျာ...အတွေးရေးမှူးမလေးကို လက်ဆွဲအိတ်လေးပေးကာ အပြုံးလေးနဲ့ ဝင်သွားသူ.. ကျွန်တော် ချစ်ရသူလေး...ကျွန်တော့ နှလုံးသားလေး....အယောင်ယောင်အမှားမှားနှင့် Taehyung လိုက်သွားမည်လုပ်တော့ Hoseok နဲ့ Jin က လှမ်းဆွဲ ကာ..."ဟေ့ရောင်....စိတ်ထိန်း...မင်းကလဲကွာ... ပါသွားဦးမယ် မျက်လုံးကြီး ကပ်ပီး.. ''
Taehyung:''လှရက်လိုက်တာကွာ ကြည့်ပါဦး..သူအများကြီး အရွယ်ရောက်လာပီ..သွားမိတ်ဆတ်ရအောင် ကွာ..လာ''
Jin:''ဟာ..မိတ်ဆတ်ရအောင် မင်းက မင်းသားလားကွ.. လာပါကွာ ပြန်ရအောင် ငါတို့တွေအေးလို့ ခဲနေပီ..ညနေမှ ပြန်ငမ်းကွာ''
Taehyung စိတိက မပြန်ချင်သေး Hoseok နဲ့ Jin တို့ ဆွဲခေါ်၍ မလိုက်ချင်ပဲ ပြန်လိုက်ခဲ့ ရကာ..မျက်နှာလေးက..အပြုံးတွေကို မဖုံးနိုင် မဖိနိုင်...
YOU ARE READING
နှောင်ကြိုး
Romansaဘဝမှာ အချစ်ကိုတကြိမ်သာလျင်ထိတွေ့ဖူးပီး တယောက်ထဲကိုပဲ သိသော Park jimin..... ငယ်သေးတာမို့ အချစ်ကို မမြင်နိုင် မသိနိုင်ပဲ ကိုယ်စိတ်ကြိုက်တွေပဲရွေးလုပ်နေရင်း တဖတ်လူရဲ့ အချစ်ကို မမြင်နိုင်ခဲ့တဲ့ Jungkook.... သူပျော်နေဖို့ အရေးကြီးတာပါ ဆိုတဲ့ စကားလုံးကိုပ...