နှောင်ကြိုး
(27)
စားသောက်ဆိုင်မှ ပြန်လာတော့....ရေချိန်ကိုက်နေပီ ဖြစ်သော အန်တီလေးကို Jin က တွဲကာ
အခန်းထဲသို့ ပြန်ပို့၍....Hoseok နှင့် အတွင်းရေးမှူးတို့လဲ နူတ်ဆတ်ကာ ပြန်သွားကြသည်......ချစ်သောလေးနှင့် အတူ လေညှင်းခံကာ ဖြေးဖြေးလေးလျောက်လာရင်း......
JM:"Taehyung ကျေးဇူးနဲ့ ဒီနေ့ အများကြီးပျော်ခဲ့ရတယ်....ကျနော် ဒီလို မပြုံးရယ်ဖြစ်တာ
တော်တော်ကြာခဲ့ ပီ....''ချစ်သောလေးရဲ့ စကားလေးကြောင့်...စိတ်မကောင်းဖြစ်သွားရသည်.....စိတ်ချပါကလေးရယ်.....ကိုယ်မင်းကို အတတ်နိုင်ဆုံးပျော်ရွင်အောင်ထားမှာပါ.....
Taehyung:"ဒီကိုလာ...Jimin..''
လက်ကလေးကိူ ဆွဲ၍ ဆေးရုံ ခုံတန်းလေးပေါ်မှာ ထိုင်စေပီးလျင်...ဒူးထောက်ထိူင်ချကာ....လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ပီး....
Taehyung:"ခုချိန်က စပီး...စိတ်ညစ်စရာတွေ မရှိလာရတော့ ဘူးနော်....ကိုယ်ကာကွယ်ပေးမယ်....''
Taehyung ရဲ့ နွေးထွေးလှသော စကားတွေ အပြုအမူတွေ ဟာ Jimin ရင်ထဲကို တစ်စတစ်စ တိုးဝင် တွယ်ရစ်နေသည်မှာ အမှန်...မလွန်ဆန်နိုင်သလို....လွန်ဆန်ဖို့ အင်အားမဲ့နေသည်....
Taehyung:"ကိုယ်...တကယ် အကောင်းဆုံးကြိုးစားပီးကာကွယ်ပေးသွားမယ်နော်....''
ဆုပ်ကိုင်ထားသော လက်ကလေးတွေကို နူတ်ခမ်းဖျားလေးနဲ့ နမ်းကာပြောတော့ ချစ်သောလေးက ခေါင်းကိူ ဖြည်းညှင်းစွာညိမ့်သည်....
Taehyung:"ကိုယ်နေပေးရမလား...အန်တီလေးက အိပ်ပျော်နေပီ....ကိုယ်ဒီည စောင့်ပေးမယ်လေ...''
JM:"ရပါတယ်....ဒီည Taehyung လဲ အိမ်ပြန်နားလိုက်ပါ....မနက်ဖန် ဆို ဆေးရုံက ဆင်းတော့မှာပဲလေ....''
Taehyung:"ဂရုစိူက်နော်... အကြောင်းတစ်ခုခုရှိရင် ဖုန်းဆက်ရမယ်နော်...''
JM:"အင်းပါ ဆက်မယ်...''
Taehyung:"ကိုယ်ပြန်မယ်နော်...''
JM:"အင်း..ဂရုစိုက်ဦးနော်..''
လက်ကလေးပြကာ ဂရုစိုက်ဖို့ မှာနေတဲ့ ကလေးငယ် နှဖူးလေးကို ခပ်ဖွဖွလေးနမ်းကာ အခန်းထဲမှ ထွက်လာခဲ့သည်.....
YOU ARE READING
နှောင်ကြိုး
Romanceဘဝမှာ အချစ်ကိုတကြိမ်သာလျင်ထိတွေ့ဖူးပီး တယောက်ထဲကိုပဲ သိသော Park jimin..... ငယ်သေးတာမို့ အချစ်ကို မမြင်နိုင် မသိနိုင်ပဲ ကိုယ်စိတ်ကြိုက်တွေပဲရွေးလုပ်နေရင်း တဖတ်လူရဲ့ အချစ်ကို မမြင်နိုင်ခဲ့တဲ့ Jungkook.... သူပျော်နေဖို့ အရေးကြီးတာပါ ဆိုတဲ့ စကားလုံးကိုပ...