Part-1

4.9K 264 44
                                    

Unicode,

(Seok Jinသူ့ရှေ့မှာခြေချိတ်ထိုင်နေပြီး မျက်နှာထားတင်းမာလှတဲ့လူကိုကြည့်ကာ ဖြေးညှင်းစွာနှာတစ်ချက်မှုတ်ထုတ်ရင်း ငြိမ်ငြိမ်ကုတ်ကုတ်လေးသာဆက်ထိုင်နေလိုက်သည်)

Man-Boss...အကိုလေးJung Jaeကိုစာပြပေးမယ့်ဆရာပါ Kim Seok Jinလို့ခေါ်ပါတယ်Boss

(ခြေချိတ်ထိုင်နေတဲ့လူကSeok Jinကိုခြေဆုံးခေါင်းဆုံးဝေ့ကြည့်လျက် သူ့တပည့်ဆိုသူကိုခေါင်းတစ်ချက်ငြိမ့်ပြသည်)

Man-ဆရာ့ကိုတစ်ချို့အကြောင်းအရာလေးတွေတော့ပြောပြထားပါတယ်Boss အကုန်လုံးတော့မစုံသေးပါဘူး

(ထိုလူက သူ့တပည့်ဖြစ်သူကိုတစ်ချက်ဆွေကြည့်ကာ Seok Jinဘက်ပြန်လှည့်လာပြီး အသံသြသြကြီးဖြင့်)

JK-ကျုပ်နာမည်က Jeon Jung Kook ကျုပ်ကိုBossလို့ခေါ် တောင်းဆိုနေတာမဟုတ်ဘူးနော် အမိန့်ပေးနေတာ

(Seok Jinစိတ်ထဲတွင်တော့Jeon Jung Kookဆိုသူကို"ဘာလည်းဟ!ရိုင်းလိုက်တာ သူ့ညီကိုစာသင်ပေးမယ့်လူကိုများဆက်ဆံပုံက...ပုံမှန်ဆို ထပြန်ဖြစ်မှာမှန်ပေမယ့် လစာကတစ်ခြားသူတွေထက်၅ဆလောက်ပိုများနေလို့သာပေါ့ စိတ်ရှည်စမ်းKim Seok Jin ဘာဖြစ်ဖြစ်သူကအလုပ်ရှင်ဘဲလေ")

Jin-ဟုတ်ကဲ့ပါBoss

JK-ကျုပ်ညီလေးက မသန်စွမ်းဘူး အဓိကကတော့အောက်ပိုင်းသေနေတဲ့လူနာတစ်ယောက်...အဲ့တော့ သူ့နားလည်သဘောပေါက်မယ့်စာတွေကိုဘဲသင်ပေးပါ အလကား ခေါင်းရှုပ်စရာတွေကိုမသင်ပေးနဲ့ ကျုပ်ညီစိတ်ညစ်စေမယ့်အရာတွေကိုသင်ပေးလို့ကတော့ ခင်ဗျားကိုသတ်ပစ်မှာ

Jin-ဗျာ!!

(ဒီအိမ်ကိုစဝင်လာကတည်းကအိမ်ကလူတွေကော အပြင်ကအစောင့်လိုလိုဘာလိုလိုလူတွေကပါမူမမှန်ဘူးဆိုမှ အခုလည်းခြိမ်းခြောက်ခံနေရပြန်ပြီ...အချိန်မလွန်ခင် ကိုယ့်ဖိနပ်ကိုကိုင်ဆွဲပြီး လှည့်ပြေးရင်ကောင်းမလား)

Jin-ဟ..ဟုတ် စိတ်ချပါBossကျွန်တော် အကောင်းဆုံးကြိုးစားပြီးသင်ပေးပါ့မယ်

JK-စောင့်ကြည့်ရသေးတာပေါ့...သူ့ကို၃လစာကြိုပေးထားလိုက်...နက်ဖြန်ကြမှအလုပ်စဆင်း မနက်၉နာရီအတိအရောက်လာခဲ့

Beyond The BoundaryWhere stories live. Discover now