Unicode,
>>အား Boss အ အား<<
Jin-ဟမ်
(Seok Jin စာသင်ဖို့Jung Jaeရှိတဲ့အပေါ်ထပ်ကိုတက်ဖို့ပြင်ရင် အောက်ထပ်မှအသံဆူးဆူးဝါးဝါးအော်သံကြီးကိုကြားလိုက်ရ၏...မဟုတ်မှ Jung Jaeပြောတဲ့မြေအောက်ခန်းကလာတဲ့အသံများလား)
>>အဲ့အကောင်နောက်လိုက်စမ်း<<
(တစ်ချိန်ထဲမှာပင် Jeon Jung Kookအသံကိုပါ ကြားလိုက်ရသည်)
Jin-ဟင် လူ လူလား ဘာကြီးလည်း
(ယိုင်တိုင်တိုင်နဲ့ အပေါ်ကိုကုန်းတက်လာတဲ့လူတစ်ယောက် မီးကမှောင်နေတော့ ထိုလူမျက်နှာကိုသေချာမမြင်ရပေမယ့် ခေါင်းတစ်ခုလုံးစိုရွဲနေသလိုလို ဘာတွေလည်း ရေတွေလား မဟုတ်မှသွေး သွေး သွေးတွေလား)
Jin-အား အမေရေ
(Seok Jinကြည့်နေတုန်းမှာဘဲ ထိုလူကိုတခြားတစ်ယောက်က ခြေထောက်ကနေကိုင်ကာ အမှောင်ထဲကိုဆွဲခေါ်သွားသည်...မသွားခင်ထိုလူကSeok Jinကို ပြူးကြည့်သွားတာကြောင့် လန့်ပြီးအော်မိကာ မျက်လုံးများပင်ပိတ်ထားမိသည်)
JK-ဟိတ်
(Seok Jinပုခုံးကိုလာပုတ်ရင်း လှမ်းခေါ်လိုက်တဲ့Jung Kookအသံကြားမှ လှည့်ကြည့်လိုက်ရင်း ဘုရားရေ...သူ့လက်ကနီနီရဲရဲကြီး ဘာတွေစွန်းနေတာလည်း မဟုတ်မှ သွေးတွေများလား...)
JK-ဒီမှာ၉နာရီ၁၀မိနစ်ရှိနေပြီ ခင်ဗျားဒီမှာဘာရပ်လုပ်နေတာလည်း
Jin-ဟို ဟို ဟို...
JK-ကျစ်... ဘာဖြစ်နေတာလည်း ပုံစံကိုကအူကြောင်ကြောင်နဲ့
Jin-ဟို ခုနကလူတစ်ယောက်...အော်သံ... ပြူးကြည့်
JK-ဟမ်! ခင်ဗျားဘာတွေပြောနေတာလည်း နေကောင်းရဲ့လားKim Seok Jin ssi
Jin-ခုနကလူတစ်ယောက်သွေးတွေနဲ့ ပြီးတော့Bossလက်မှာလည်း သွေး သွေးတွေလား
(Jung Kookသူ့လက်ကိုပြန်ကြည့်ပြီး တစ်ချက်ရယ်ပြုံးကာ)
JK-အော် ဒါလား ရုပ်ရှင်ရိုက်နေကြတာလေ ဒါကရုပ်ရှင်ရိုက်ဖို့အတွက်သုံးထားတဲ့သွေးအတုတွေပါ
Jin-ဗျာ ရုပ်ရှင်
(Jeon Jung Kookကမင်းသားများလား?တစ်ခါမှလည်း သူ့ပါတဲ့ကားတွေမကြည့်ဘူးပါဘူး)

YOU ARE READING
Beyond The Boundary
ActionUnicode, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လို့ ခင်ဗျားတစ်ယောက်ထဲကိုဘဲကျုပ်ကြည့်ပြီးအသက်ရှင်နေမှာKim Seok Jin...အဲ့တာကိုမြဲမြဲမှတ်ထား... Zawgyi, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးကမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လ...