Part-26

1.8K 122 10
                                    

Unicode,

(Jung Jaeဆေးရုံထဲကနေပြေးထွက်လာခဲ့ပြီး ခုံပေါ်မှာထိုင်ကာ ငိုသည် ရှိုက်ကြီးတငင်ကိုငိုသည်)

(Hygကနှလုံးအစားထိုးကုသရမယ်တဲ့ နောက်၂ရက်အတွင်းအလှူရှင်မပေါ်ရင်Hygသေတော့မှာ သူအဲ့လိုမျိုးလုံးဝအဖြစ်မခံနိုင်ပါ)

(ဘယ်လောက်ဘဲ ကိုယ့်ကိုစိတ်ဒုက္ခတွေပေးခဲ့တဲ့အကိုဖြစ်နေပါစေ ရှားရှားပါးပါးဒီညီအကိုလေးနှစ်ယောက်ထဲရှိသည်မို့ သူ့အကိုကိုသူအရမ်းချစ်ရပါသည်)

(Jinjin Hygကိုလည်းလက်မလွှတ်နိုင်ပေမယ့် Hygအတွက်မို့သူစွန့်လွှတ်ခဲ့ပြီးပြီ သူJapanမှာနေနေတုန်း ဦးလေးအကူအညီဖြင့်Hygအကြောင်းကိုသူစုံစမ်းနေခဲ့ပါသည်)

(Jinjinကိုလိုချင်လို့ အဝေးကိုပို့ပစ်လိုက်တဲ့သူ့အကိုအကြောင်းကိုသိသွားခဲ့ပေမယ့်သူ့မှာမမုန်းရက်ခဲ့)

(သူ့အကိုကဒေါသကြီးလွန်းတာကလွဲရင် ကျန်တာအကုန်အပြစ်ပြောစရာပင်မရှိလောက်အောင်ပြည့်စုံလွန်းသူပါ)

(အကိုမသိအောင် သူဟိုမှာလမ်းပြန်လျှောက်နိုင်အောင် လေ့ကျင့်ခန်းတွေအများကြီးလုပ်ခဲ့တယ် ဦးလေးရဲ့အကူညီယူပြီး အခုလိုလမ်းပြန်လျှောက်နိုင်အောင် သူအများကြီးကြိုးစားခဲ့တယ်)

(Hygကသူလမ်းပြန်လျှောက်နိုင်တာကိုလိုလားမှာမဟုတ်ပေမယ့် သူတကယ်Hygနဲ့Jinjinတို့ရဲ့မင်္ဂလာပွဲကိုကိုယ်တိုင်တက်ရောက်ပြီး ဂုဏ်ပြုပေးချင်သေးသည်)

(မင်္ဂလာလက်ဖွဲ့လေးကတော့ ရှင်သန်နေဆဲဖြစ်တဲ့နှလုံးသားလေး)

(ကိုယ်ကမေတ္တာရှင်ကြီးမဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေအတွက်ဆိုပြီးအရာရာကိုစွန့်လွှတ်အနစ်နာခံခဲ့တာပါ)

(တစ်ချို့သူတွေအတွက်အချစ်ဆိုတာဘာလည်းမသိပေမယ့် ကျွန်တော့်အတွက်တော့
စွန့်လွှတ်မှုဆိုတာလည်းအချစ်ပါဘဲ)

Jung Jae-ဟင့်

Ho Suk-ငါ့တူ

Jung Jae-ဦးလေး

Ho Suk-ဦးလေးအကုန်သိပြီးပါပြီကွာ ငါ့တူဘာမှအားမငယ်နဲ့နော် Jung Kookကသန်မာပြီးသားပါကွ သေချာပေါက်သူအသက်ဆက်ရှင်မှာ ဦးလေးယုံတယ်

Beyond The BoundaryWhere stories live. Discover now