Unicode,
JK-အဲ့ဒါတွေအားလုံးက မောင်သူ့ကိုခိုင်းထားတာငယ်
Jin-ဘာ!!!
(ဒေါသစိတ်ကြောင့် မတ်တပ်အမြန်ထရပ်မိတော့ Jung Kookကပုခုံးမှဖိကိုင်ကာခုံမှာပြန်ထိုင်စေသည်)
JK-ဖြေးဖြေးပေါ့
Jin-Jeon Jung Kook မင်း!!
(သူ့ကိုလက်ညှိုးငေါက်ငေါက်ထိုးလျက် ဒေါသထွက်နေတဲ့Seok Jinသည် သိပ်ကိုလှလွန်းသည်)
Jin-မင်းဘာလို့အဲ့လိုလုပ်တာလည်းJeon Jung Kook,Bimမှာ ဘာအပြစ်များရှိလို့လည်း ဟမ်
JK-ရှိတာပေါ့..သူအပြစ်က ငယ်နဲ့လာပတ်သတ်မိတာဘဲ အဲ့တာသူ့အပြစ် မောင့်ငယ်အနားမှာသူရှိတာကိုကသူ့အပြစ်
Jin-အဲ့တာဆိုBim..Bimက ငါ့ကြောင့် ငါ့ကြောင့်အသတ်ခံရတာပေါ့ ဟုတ်လားJeon Jung Kook
JK-မဟုတ်ပါဘူး ဒီတိုင်းသူ့ကိုကြည့်မရလို့Kim Tae Hyungကိုသတ်ခိုင်းလိုက်တာ ငယ်နဲ့ဘာမှမဆိုင်ဘူး
(Seok Jinမတ်တပ်ပြန်ရပ်ကာ Jung Kookလက်မောင်းကိုလှုပ်ယမ်းကာ)
Jin-မင်းပါးစပ်ကဘယ်လိုဘဲပြောပြော Bimသေရတာငါ့ကြောင့်လေ ငါ့ကြောင့်
JK-မဟုတ်ဘူးလို့ Kim Seok Jin!!!ခင်ဗျားဘာဖြစ်နေတာလည်း အရူးလိုလုပ်မနေစမ်းပါနဲ့ မောင်သာသတ်ချင်ရင် Park Eun Bimမှမဟုတ်ဘူး မင်းကိုပါသတ်ပစ်လိုက်လို့ရတယ်နားလည်လား
(Jung Kookပိတ်အော်လိုက်တော့ သူ့လက်မောင်းကိုလှုပ်ယမ်းနေတဲ့လက်သွယ်သွယ်လေးတွေဟာလျှောကျသွားပြီး မျက်ရည်ကျလုဆဲဆဲမျက်လုံးတွေဖြင့် Jung Kookကိုမကျေမချမ်းကြည့်ကာ မဲ့ပြုံးပြုံးလျက်)
Jin-ယုံပါတယ်Jung Kook ငါမင်းကိုလည်းသိပ်ကြောက်ပါတယ် လူတစ်ယောက်ကိုကြက်ကလေးငှက်ကလေးသတ်သလို လွယ်လွယ်နဲ့သတ်ပစ်ရက်တဲ့မင်းက မင်းအရမ်းချစ်ပါတယ်ဆိုတဲ့ငါ့ကိုလည်း မင်းသတ်ပစ်ဖို့ဝန်လေးနေမှာမဟုတ်ဘူးလေ ငါယုံပါတယ်Jung Kook
JK-မဟုတ်ဘူးငယ် မောင်ပြောတာက..မောင်က အဖြစ်ဘဲပြောတာပါ မောင်ငယ့်ကိုတကယ်လုပ်ပါ့မလား ဟမ်..ဟင့်အင်း မောင်မင်းကိုလက်ဖျားနဲ့တောင်ထိမှာမဟုတ်ဘူးငယ် အဲ့တာကိုငယ်ယုံပေးပါ
YOU ARE READING
Beyond The Boundary
ActionUnicode, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လို့ ခင်ဗျားတစ်ယောက်ထဲကိုဘဲကျုပ်ကြည့်ပြီးအသက်ရှင်နေမှာKim Seok Jin...အဲ့တာကိုမြဲမြဲမှတ်ထား... Zawgyi, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးကမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လ...