Part-3

1.5K 185 25
                                    

Unicode,

(Seok Jinသူ့ရှေ့မှာ စာကုန်းရေးနေတဲ့Jung Jaeမျက်နှာကိုငုံ့ကြည့်လိုက် ပြတင်းပေါက်ကိုကြည့်လိုက် အခန်းအတွင်းကိုလှည့်ပတ်ကြည့်လိုက်လုပ်ရင်း သူမေးချင်တာကိုမေးရင်ကောင်းမလား မမေးရင်ကောင်းမလားတွေးလျက်)

(မေးလိုက်ပြန်ရင်လည်း သူများကိုယ်ရေးကိုယ်တာကိစ္စကြီးဆိုတော့ ကိုယ်ကဘဲအရမ်းစပ်စုရာရောက်သွားမလားလို့)

(အို့...သိချင်လို့မေးပါတယ်ဆို စပ်စုတာဘဲပေါ့နော်...ဒါပေမယ့် ယောက်ျားကြီးတန်မဲ့စပ်စုတာတော့မဟုတ်ဘူးနော် ကိုယ်နဲ့လတ်တလောဆက်ဆံပေါင်းသင်းရမယ့်သူဆိုတော့သိထားသင့်တယ်ထင်လို့ပါ)

Jung Jae-Jinjin

Jin-...

(ခေါ်မကြားအော်မကြားဘဲ ဘောပင်ကိုက်ကာတစ်ခုခုစဥ်းစားနေဟန်ရှိတဲ့Seok Jinလက်ကလေးကိုJung Jaeအသာလှုပ်ကိုင်ကာ)

Jung Jae-Jinjinလို့ဆို

Jin-ဟေ!

Jung Jae-ဘာအကြောင်းတွေစဥ်းစားနေတာလည်းJinjinရဲ့ ဒီမှာရေးလို့ပြီးပြီ မှန်လားစစ်ပေးအုန်း

Jin-အင်း ပေးပေးJaeလေး

Jung Jae-ရော့...ဒါနဲ့Jinjin ကျွန်တော့်ကိုတစ်ခုခုများမေးစရာရှိလား

(ဒီကောင်လေး သူ့အတွေးတွေကိုများကြိုသိနေတာလား ဒါမှမဟုတ်အကြားအမြင်များရနေသလား)

Jin-ဟိုလေ Hygမေးတော့မေးချင်တယ် သူများအကြောင်းဆိုတော့စပ်စုရာများရောက်နေမလားလို့ပါ...ဘာဘဲဖြစ်ဖြစ်Hygအလုပ်စဝင်တာ ဒီနေ့နဲ့ဆိုတစ်ပတ်ဘဲရှိသေးတယ်မလား

Jung Jae-Jinjinကလေကျွန်တော့်အတွက်တော့မိသားစုဝင်လိုဘဲ ကျွန်တော့်စိတ်ထဲမှာတော့Jinjinကိုသူစိမ်းလို့တစ်ခါမှမတွေးဘူးဘူး...မေးစရာရှိတာသာမေးနော်

Jin-အင်း အဲ့တာဆိုမေးမယ်နော်

(Jung Jaeကခေါင်းငြိမ့်ပြကာ Seok Jinချောင်းတစ်ချက်ဟန့်ကာ မျက်မှန်ကိုင်းလေးကိုတစ်ချက်ပင့်တင်းလိုက်၏)

Jin-ဟိုဟာလေ Bossကဘာအလုပ်လုပ်တာလည်းလို့

(Jung Jaeထင်ခဲ့တာသူ့အကြောင်းတစ်ချို့ကိုများမေးမလားလို့ပါ မေးမယ့်မေးတော့လည်းJung Kook Hygအကြောင်းတဲ့လား အင်း...ခံစားရတာတော့အောင့်သက်သက်နဲ့)

Beyond The BoundaryWhere stories live. Discover now