Part-11

1K 142 26
                                    

Unicode,

Jin-ဟုတ်ကဲ့ပါဗျ ဒါဆိုကျွန်တော် နက်ဖြန်မနက်၉နာရီလောက်အရောက်လာခဲ့ပါ့မယ်

Man-ဟုတ်ကဲ့ပါ Seok Jin ssi ကျေးဇူးတင်ပါတယ်

Jin-ဟုတ် ရပါတယ်ဗျ ကျွန်တော်လိုက်မပို့တော့ဘူးနော်

Man-ရပါတယ်ဗျ ရပါတယ် ခွင့်ပြုပါအုန်း

Jin-ဟုတ်ကဲ့

(Seok Jinမတ်တပ်ထရပ်ရင်း ဦးညွှတ်ပြီးဘေးခုံမှာထိုင်နေတဲ့Eun Bimကိုခါးထောက်ပြီး ကြည့်လိုက်၏)

(တကယ်ဘဲ ဒီကောင်လေးသူ့နောက်ကို ကော်လိုလိုက်ကပ်နေခဲ့တာ အိမ်မက်အကြောင်းပြောပြပြီးတဲ့နေ့ကနေစအခုထိဘဲ)

(အခုလည်း နက်ဖြန်ဒီကောင်လေးမွေးနေ့မို့ ဂေဟာတစ်ခုမှာအလှူသွားလုပ်မို့ ဂေဟာမှုးနဲ့ဆွေးနွေးနေခြင်းသာ)

(လူတွေနဲ့အရောတဝင်မနေတတ်တဲ့ ကိုယ့်ချစ်သူလေးက ဟိုဘက်ဝိုင်းမှာသာထိုင်ရင်း ကျွန်တော်မျိုးကိုစောင့်ကြည့်နေလေရဲ့)

Eun Bim-အကို ပြီးပြီမလား သွားကြရအောင်

Jin-အွန်း Bimဘာစားချင်သေးလည်း

Eun Bim-အကို

Jin-ပြောလေ

Eun Bim-Bimကို ဒီညပဲခေါက်ဆွဲလုပ်ကျွေး အကိုလုပ်မကျွေးတာကြာပြီဆိုတော့ အကို့လက်ရာလေးကိုလွမ်းလှပြီ

Jin-ပဲခေါက်ဆွဲ...okဗျာ လုပ်ကျွေးမယ်

Eun Bim-ဟင့်အင်း ဒီလောက်နဲ့မရသေးဘူးလေ ကြက်ဥလိပ် ကြက်သားအစပ်ကြော်
စတော်ဘယ်ရီဖျော်ရည် ဆန်မုန့် ပြီးတော့ ဟင်းရည်က ပင်လယ်စာဟင်းရည် အဲ့တာကိုစပ်စပ်လေးသောက်ချင်တယ် လုပ်ကျွေးပါ နော်နော်

Jin-Yarrrr မင်းတမလွန်သွားဖို့များရိက္ခာတွေသယ်နေတာလား

Eun Bim-...

(Seok Jinကဘာရယ်မဟုတ် ပြောလိုက်ပေမယ့် ခေါင်းလေးအောက်စိုက်ကာ မျက်ရည်တွေဝဲလာတဲ့ကောင်လေး)

(ဒီလိုကျတော့လည်း ကိုယ်မှာစိတ်မကောင်း အိမ်မက်မက်ပြီးတဲ့နောက်ပိုင်း သေဖို့ကိစ္စအကြောင်း တစ်ခုခုစနောက်ပြီးပြောလိုက်ရင်
ဒီကောင်လေး ဒီလိုမျိုးဝမ်းနည်းလာတတ်တာ)

Beyond The BoundaryWhere stories live. Discover now