Part-17

994 132 54
                                    

Unicode,

Jin-ငါမလိုက်ဘူးနော် လုံးဝဘဲ

JK-မရဘူး လိုက်ခဲ့ရမယ်

Jin-လုံးဝဘဲJung Kook မလိုက်နိုင်ဘူး

JK-လိုက်ခဲ့ဆို လိုက်ခဲ့ရမယ် ဒါအမိန့်ပေးနေတာမဟုတ်ဘူးနော် ခင်ဗျားကိုကျုပ်ရဲ့သက်ဆိုင်သူအဖြစ်ကျုပ်ဘေးနားမှာရှိစေချင်တာ

Jin-အဲ့ဒါမင်းအကြောင်းလေ ငါနဲ့မင်းနဲ့ကဘာမှဆိုင်တာမဟုတ်ဘူး အဲ့တာငါသိသလို မင်းလည်းသိနေတာဘဲ မင်းဟာမင်းငါ့ကိုဒီအိမ်ကိုအတင်းခေါ်လာတာ ငါကလည်းအခုချိန်မှာဘာလုပ်လို့လုပ်ရမှန်းမသိလို့ မင်းဆီမှာခဏလိုက်နေတဲ့သဘောပါ..ကျန်တာမင်းနဲ့ငါနဲ့ဘာအကန့်မှမရှိဘူးJung Kook

JK-ဟုတ်ပါတယ် ခင်ဗျားပြောတာကျုပ်လက်ခံတယ်..ကောင်းပြီ ခင်ဗျားကိုကျုပ်နက်ဖြန်ကျရင်လက်ထပ်ယူမယ်

Jin-ဘာ!ယူမယ်ဟုတ်လား..ချစ်လားဟမ် မင်းငါ့ကိုချစ်လို့လား

(ဒီစကားကိုSeok Jin,Jung Kookမျက်လုံးတည့်တည့်ကိုကြည့်ပြီးမေးလိုက်ပေမယ့် အဖြေရေရေရာရာရှိပုံမရတဲ့Jung Kookကတစ်ဖက်ကိုမျက်နှာလွဲရင်း)

JK-ချစ်မှလက်ထပ်ရမှာလား မချစ်လည်းယူလို့ရတယ်လေ

Jin-ဟုတ်မှာပေါ့ မင်းပြောတဲ့စကားက မင်းအတွက်တော့ဟုတ်ချင်ဟုတ်လိမ့်မယ် ငါအတွက်ကတော့အချစ်ကအရေးကြီးတယ် အချစ်မပါတဲ့အိမ်ထောင်ရေးကိုငါမတည်ဆောက်ချင်ဘူး..ရှင်းရှင်းပြောရရင် ငါလည်းမင်းကိုမချစ်ဘူး

~ဒုန်း

(ဒေါသထွက်ဟန်ဖြစ်သွားတဲ့Jung Kookက ဘာကြောင့်ရယ်မသိ အခန်းတံခါးကိုပိတ်ကန်ရင်း အပြင်သို့ဒေါနဲ့မောနဲ့ထွက်သွားမှ Seok Jinသက်ပြင်းရှည်တစ်ချက်ချရင်း)

Jin-ဟုတ်တယ်လေ ငါပြောတာမှားနေလို့လား ငါမှသူ့ကိုမချစ်တာ..မချစ်များမချစ်သေးတာလားမသိဘူး နောက်ထပ်ထပ်မချစ်ချစ်တော့ဘူး အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ်

(တကယ်လည်းSeok Jinနောက်ထပ်မချစ်ချင်တော့ပါ ချစ်ရမှာကိုကြောက်တာထပ် ထားသွားခံရမှာကိုပိုကြောက်သည်)

(ဘာလို့ဆို သူတို့ကိုပေးခဲ့တဲ့ကိုယ့်အချစ်တွေက ပေါ်ပေါ်ပဲပဲမှမဟုတ်တာ တကယ်ရင်နဲ့တမျှချစ်ခဲ့ရတာကြီး Park Eun Bimနဲ့တင် အချစ်ကိုတကယ်စိတ်ကုန်နေပြီ)

Beyond The BoundaryWhere stories live. Discover now