Unicode,
JK-ပြန်ရောက်လာတာ ကြိုဆိုပါတယ်Tae Hyung
Tae-ဟုတ်ကဲ့ပါအကိုလေး ကျေးဇူးတင်ပါတယ်
JK-ဘယ်လိုလည်း ဟိုမှာအလုပ်တွေအဆင်ပြေခဲ့ရဲ့လား
Tae-အဆင်တော့ပြေပါတယ်အကိုလေး
ဒီကြားထဲကွက်ကျော်ရိုက်ချင်တဲ့သူတွေတော့ရှိပါတယ် အဲ့လူတွေကိုတော့ နည်းနည်းလောက်ပညာပေးခဲ့ပါတယ်JK-အင်း ကောင်းတယ်...မင်းလည်းပင်ပန်းလာပြီဆိုတော့သွားနားတော့
Tae-ဟုတ်ကဲ့ပါအကိုလေး ခွင့်ပြုပါအုန်း
(Jung Kook,Tae Hyungကိုခေါင်းတစ်ချက်ငြိမ့်ပြပြီး သောက်လတ်စအရက်ကိုသာဆက်သောက်လျက်)
(Tae HyungကJung Kookဆီမှာအလုပ်ဝင်လာတာ၁၀နှစ်တောင်ရှိခဲ့ပြီ Jung Kookငယ်ငယ်လေးကတည်းကဆိုပါတော့ Jungအဖေကသူ့လူယုံရဲ့သားဖြစ်သူKim Tae HyungကိုJung Kookလက်တိုလက်တောင်းခိုင်းရအောင်ဆိုပြီးJung Kookနားမှာထားစေခဲ့သည်)
(ငယ်ငယ်လေးကတည်းက ညီအကိုရင်းတမယ်ပေါင်းလာတဲ့Tae Hyungက ကြီးလာတော့Jung Kookရဲ့လူယုံဖြစ်လာခဲ့သည်)
(Jung Kookရဲ့ခိုင်းစေမှုကြောင့် Tae Hyungနယ်ဘက်ကိုခရီးထွက်နေရတာ ၇လလောက်ပင်ရှိပြီ အရမ်းအရေးကြီးတဲ့ကိစ္စဆိုမှသာမဖြစ်မနေTae Hyungကိုတခြားအရပ်သို့လွှတ်လိုက်ရသည် တစ်ချို့ကိစ္စအသေးစားတွေဆိုရင်တော့ တခြားလူယုံတွေကိုသာJung Kookလွှတ်လေ့ရှိသည်)
(Tae Hyungကအနေတည်ပြီးအလုပ်လုပ်ရာတွင်လည်းပြတ်သားမှုရှိသလိုရက်စက်မှုလည်းရှိသည် Kim Tae Hyungဆိုတာသူ့အတွက်တော့အရမ်းအားကိုးရတဲ့လူတစ်ယောက်ပေ)
~~~~~~~~~~~~~
~ဒေါက် ဒေါက်
Jung Jae-ဘယ်သူလည်း
JK-HygပါJaeလေး
Jung Jae-အော် ဝင်ခဲ့လေHyg တံခါးဖွင့်ထားတယ်
JK-ဘာလုပ်နေတာလည်းJaeလေး ထမင်းစားဖို့နောက်ကျနေပြီမလား
Jung Jae-ခဏလေးပါHygရဲ့ Jinjinကအိမ်စာတွေပေးသွားလို့လုပ်နေတာ ပြီးတော့မယ်နော် ခဏလေးဘဲစောင့်
(Jung Kook,Jung Jaeဆံပင်ဖျားလေးတွေကိုလက်ချောင်းများဖြင့်ထိုးဖွလျက် သက်ပြင်းတစ်ချက်ချမိသည်)
YOU ARE READING
Beyond The Boundary
ActionUnicode, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လို့ ခင်ဗျားတစ်ယောက်ထဲကိုဘဲကျုပ်ကြည့်ပြီးအသက်ရှင်နေမှာKim Seok Jin...အဲ့တာကိုမြဲမြဲမှတ်ထား... Zawgyi, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးကမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လ...