Part-19

974 120 15
                                    

Unicode,

(၂ပတ် Jung Kookအိမ်မှာလိုက်နေတာအခုဆို၂ပတ်တောင်ရှိပြီ အဲ့၂ပတ်အတွင်း Jung Kookရဲ့စိတ်နေစိတ်ထားတစ်ချို့ရော သူ့အလုပ်တစ်ချို့ကိုပါသိခဲ့ပြီ)

(Jung Kookကဒေါသကြီးတယ် အလုပ်လုပ်ရင်တိကျသလို သူ့အလုပ်ကိုနှောင့်ယှက်တဲ့သူမှန်သမျှကိုလည်းအပြစ်ပေးတတ်တယ်ဆိုလား)

(သူက Jeon Companyရဲ့CEOလို့Tae Hyungကသူ့ကိုပြောပြခဲ့ဘူးတယ် အရူးကောင် ဒါနဲ့များရုပ်ရှင်မင်းသားဆိုပြီး သူ့ကိုလိမ်ပြောခဲ့ဘူးတယ်မဟုတ်လား အဲ့တုန်းက ပြီးစလွယ်ယုံပေးခဲ့တဲ့ကိုယ်ကိုယ်ကိုယ်တောင် ဒဏ်ခတ်လိုက်ချင်တယ်)

(Jeonလုပ်ငန်းစုဆိုတာ ပေါ့သေးသေးလုပ်ငန်းတစ်ခုမှမဟုတ်တာ အချမ်းသာဆုံးCompanyတွေထဲကတစ်ခုအပါအဝင်..ဒါကြောင့်မို့ ဟိုကောင်လေးဘာမှမကြောင့်မကျဘဲ အေးဆေးနေနိုင်တာပေါ့ ဟွန့်)

JK-ငယ်

Jin-ဘာလည်း

JK-ပြီးရင်shoppingထွက်ကြရအောင်
ငယ်လည်းအပြင်မထွက်ရတာကြာပြီမလား မောင်တို့တူတူသွားကြမယ်လေ

(သူ့ကိုယ်သူ 'မောင်'လို့တယုတယုသုံးလိုက်ချိန်ဆို သိပ်သိသာလွန်းတယ် Jung Kookမျက်နှာက လိုချင်တာရသွားတဲ့ကလေးလေးလို စပ်ဖြီးဖြီး)

(ကိုယ့်ကို'ငယ်'လို့ခေါ်လိုက်ချိန်ဆို လိုလိုလားလားသဘောကျတာမျိုးမဟုတ်ပေမယ့် အနည်းငယ်တော့သဘောကျမှန်း မလိမ်တမ်းဝန်ခံပါသည်)

(တစ်ချိန်ထဲမှာပင်'အကို'လို့ခေါ်တတ်တဲ့ကောင်လေးတစ်ယောက်ကိုလည်းအမှတ်မရှိစွာ သတိတော့ရမိသား)

(ဦးနှောဏ်ကလက်မခံရင်တောင် ကိုယ်စွဲစွဲလမ်းလမ်းချစ်ခဲ့ဖူးတဲ့လူတစ်ယောက်မို့ နှလုံးသားလေးက ဘယ်မေ့လို့ရပါအုန်းမလည်းလေနော်)

Jin-သွားမယ်..အော် ငါအပြင်စာတွေမစားရတာကြာပြီ အဲ့တာငါအပြင်ရောက်ရင်မုန့်တွေစားချင်တယ်

(Jung Kookကသူ့ကို၂စက္ကန့်လောက်စိုက်ကြည့်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြပြီး)

JK-ok ငယ့်သဘော ချစ်လွန်းလို့ခွင့်ပြုပေးလိုက်မယ်

Jin-ဒါပေမယ့် ငါ့မှာပိုက်ဆံမရှိဘူးလေ မင်းငါ့အိမ်ကိုရောင်းထားတယ်လို့ပြောတယ်မလား အဲ့တာအဲ့ထဲကနည်းနည်းလောက်သုံးဖို့ပေး

Beyond The BoundaryWhere stories live. Discover now