Part-10

1.1K 137 12
                                    

Unicode,

(ထိုနေ့ကစ ဆေးလိပ်လေးနဲ့အတူ Jung Kookရဲ့အချစ်တွေပါ Seok Jinရဲ့ဖိနပ်အောက်မှာ ဖိခြေခြင်းကိုခံခဲ့ရသည်)

(အဲ့နေ့က အိမ်မှာပြဿနာလေးရှိလို့ ဒီရေကန်နားမှာ အေးအေးဆေးဆေး ဆေးလိပ်လာသောက်ဖြစ်ခဲ့တာ)

(အဲ့အချိန်က Jung Kook၁၀နှစ်သားလေးပေါ့ ဆေးလိပ်စွဲတာကအတတ်ကောင်းတစ်ခုမဟုတ်ပေမယ့် ဆေးလိပ်ကို၈နှစ်သားအရွယ်ကစ ဦးလေးဆီကသောက်နည်းကိုသင်ယူခဲ့တယ်)

(အဖေနဲ့အမေကအရွယ်မရောက်သေးတဲ့ကလေးတစ်ယောက် ဆေးလိပ်ကိုစွဲလမ်းနေတာမကြိုက်ပေမယ့် သူဂရုမစိုက်ပါ ကိစ္စမရှိဘူးလေ ကိုယ်ကြိုက်ရင်ပြီးတာဘဲ)

(သူတို့ကကိုယ့်ထက် သူတို့သားငယ်ဖြစ်တဲ့Jeon Jung Jaeကိုဘဲ အလေးပေးဆက်ဆံကြတာ လူမှန်းသိတတ်စအရွယ်ကစ အခုအသက်၂၄နှစ်ထိကိုယ့်ဘဝကိုရုန်းလာခဲ့ရတာကို ပတ်ဝန်းကျင်ဆိုတဲ့လူထုကြီးကဘယ်သိပါ့မလည်း)

(အားနေ ကိုယ့်ကိုဆိုးသွမ်းတဲ့ကလေးတစ်ယောက်အဖြစ်ဘဲ အပြစ်မြင်နေကြတာ အဲ့တာကြောင့်မို့ Jung Kook အထက်တန်းအောင်ပြီးတာနဲ့ကျောင်းဆက်မတက်တော့ဘဲ ဦးလေးရှိတဲ့Japanမှာဘဲ သောင်တင်နေခဲ့တာ)

(အဲ့နောက်ပိုင်း ကိုယ့်ရဲ့အချစ်ဦးဖြစ်တဲ့Kim Seok Jinနဲ့လည်းအဆက်သွယ်မရတော့ပေတကယ်တော့Jung Jaeထက် Kim Seok Jinဆိုတဲ့ခင်ဗျားကို ကျုပ်ကအရင်ချစ်ခဲ့တာပါခင်ဗျားရယ်)

(Kim Seok Jinကိုစစတွေ့တုန်းကတော့ သူမမှတ်မိခဲ့ရိုးအမှန်ပါ နောက်တော့မှ Seok Jinရဲ့အကြောင်းတစ်ချို့ကိုစုံစမ်းကြည့်တော့မှ ကိုယ့်ရဲ့အချစ်ဦးမှန်းသိရပေတော့တယ် )

(ဒါကြောင့်ဘဲ Jung Jaeရဲ့ဆရာအဖြစ် ကိုယ့်ရဲ့အနီးအနားမှာထားစေခဲ့တာ လူလေးကချောမောလှပတဲ့အပြင် နှလုံးသားလေးကပါလှနေတဲ့Kim Seok JinကိုJung Jaeကပါကြိုက်မိသွားခဲ့တော့ သူ့အတွက်အခက်တွေ့တာပေါ့)

(ဒါကြောင့်Jung JaeကိုSeok Jinနဲ့ဝေးရာကိုတွန်းပို့ပစ်ခဲ့တာ 'တောင်းပန်ပါတယ်Jaeလေး Hygကိုခွင့်မလွှတ်ပါနဲ့ Kim Seok Jinဆိုတဲ့လူကိုစွန့်မလွှတ်နိုင်လောက်တဲ့အထိ Hygနှစ်နှစ်ကာကာချစ်မိသွားလို့ပါ')

Beyond The BoundaryWhere stories live. Discover now