Unicode,
JK-စားလေ ဘာကြည့်နေတာလည်း
(ထမင်းစားခုံပေါ်မှာရှိနေတဲ့ ဟင်းတွေကိုကြည့်ပြီး Seok Jinဘာစားရမှန်းမသိဖြစ်နေတဲ့အချိန် အိမ်ကြီးရှင်ဒေါသအိုးအော်တာငေါက်တာ ခံလိုက်ရခြင်း)
(Seok Jinထိုလူ့ကို မျက်စောင်းတစ်ချက်ထိုးကာ သူ့ရှေ့ကဘာမှန်းမသိတဲ့ဟင်းကိုသာ နှိုက်စားလိုက်သည်)
(ဟင်းလေးက ချိုချိုလေး စားလို့ကောင်းတယ် အသားလေးကလည်းနူးအိနေတာဘဲ ကြည့်ရတာ ကြက်ချိုချဥ် သို့မဟုတ် ဝက်ချိုချဥ်ဘဲဖြစ်ရမယ်)
(Seok Jinက စားရင်းပြုံးပြုံးလေးဖြစ်နေကြောင့် Jung Kookမဲ့ပြုံးတစ်ချက်ပြုံးကာ)
JK-ကောင်းလား
Jin-အင်း ကောင်းတယ် အဲ့တာဘာဟင်းလည်းဟင် အသားလေးကနူးနေတာဘဲ ပြီးတော့ချိုချဥ်လေး
JK-အဲ့တာ သိုးသား
Jin-ဘာ!!! ဝေါ့
(ပါးစပ်ပိတ်ရင်း ပျို့တက်လာတဲ့ Seok Jinကိုကြည့်ပြီး Jung Kookခေါင်းတွင်တွင်ခါလျက် သိုးသားလေးစားမိတာဘဲ လူသားစားရတဲ့အတိုင်းဘဲ ဖြစ်နေလိုက်တာ..မြင်လို့တောင်မကောင်း)
JK-ကောင်းတယ်ဆို များများစားလေ
Jin-အွန်း အူး
(ဟော..ထသွားပြီ သေချာပါတယ် နောက်ဖေးမှာသွားအန်နေတာဘဲဖြစ်လိမ့်မယ်..ကောင်းတယ် လူကိုဘာမဟုတ်ညာမဟုတ်ရန်တွေ့ချင်အုန်း)
~~~~~~~~~~~~~~~~~
(Seok Jinသူ့ရဲ့တစ်ဂွီဂွီမြည်နေတဲ့ဗိုက်ကလေးကို ပွတ်ကာ ခြံထဲကဒန်းပေါ်မှာထိုင်ရင်း အိမ်ထဲက Jung Kookကိုကောင်းကောင်းကြီးကျိန်ဆဲနေသည်)
Jin-ငါက ကြက်သား,ဝက်သားနဲ့ အမဲသားဘဲစားတာပါဆို ဘာအသားတွေလာကျွေးနေမှန်းကိုမသိဘူး လူယုတ်မာအစုတ်ပလုတ်ကြီး..ဟူး ဗိုက်ဆာလိုက်တာ
(Tae Hyungကအိမ်ပြန်ဖို့ထင် လွယ်အိတ်လေးကိုဘေးစောင်းလွယ်ကာ သူ့ကိုဦးညွှတ်နှုတ်ဆက်တော့ သူလည်းခေါင်းကိုသာဆက်တိုက်ညိတ်ပြလိုက်၏..မသိတော့ဘူး အခုချိန်မှာသူဗိုက်ဆာတာဘဲ သိတယ်)
Jin-အာ..ဟုတ်သား Tae Hyungကိုအကူညီတောင်းရမယ်..V ဟုတ်ဘူး Tae Hyung Tae..
(Tae Hyungကခြံဝရောက်မှ သူ့ကိုပြန်လှည့်ကြည့်လာတာကြောင့် လက်ပြလှမ်းခေါ်ရင်း)
YOU ARE READING
Beyond The Boundary
ActionUnicode, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လို့ ခင်ဗျားတစ်ယောက်ထဲကိုဘဲကျုပ်ကြည့်ပြီးအသက်ရှင်နေမှာKim Seok Jin...အဲ့တာကိုမြဲမြဲမှတ်ထား... Zawgyi, ကျုပ်လုပ်ခဲ့သမျှအရာအားလုံးကမှန်တယ်!!! အဲ့တာတွေအားလုံးက ခင်ဗျားကိုချစ်လ...