Part-12

1K 144 19
                                    

Unicode,

(မနက်၅နာရီ..ဒီအချိန်ဆို Seok Jinလမ်းလျှောက်ထွက်နေကြ ပုံမှန်ရယ်လို့မဟုတ်ပေမယ့် စိတ်ပင်ပန်းတဲ့အခြေနေမျိုးတွေ တစ်ရေးနိုးပြီးပြန်အိပ်လို့မရတော့တဲ့အချိန်မျိုးတွေဆို လမ်းလျှောက်ထွက်ဖြစ်တာများမည်)

(လမ်းထိပ်မှာ ပန်းခြံကျယ်ကြီးရှိတာကြောင့် ဝေးဝေးလံလံလည်းသွားစရာမလို ဒီကနေပြန်ရင်လည်းBimအတွက် ရေညှိဟင်းချိုလေးချက်ပေးရမယ် ဒီနေ့ကEun Bimလေးမွေးနေ့မလား)

(မနေ့ကလည်း သူ့ချက်ကျွေးတာတွေကို အားရပါးရစားရင်း အရင်အကြောင်းလေးတွေကိုလည်းပြန်ပြောဖြစ်ခဲ့ကြသေးတယ်)

(ရည်းစားဖြစ်လာတဲ့ ၃နှစ်အတွင်းမနေ့ညလေးက Bimနဲ့သူ့အတွက် အဓိပ္ပာယ်ရှိတဲ့ညလေးလို့တောင်ဆိုလို့ရပါတယ်)

(ဒီတစ်ခါ လက်ထပ်ဖို့အကြောင်းထပ်ပြောလာရင်တော့ သူလက်ခံဖို့စဥ်းစားပြီးသားပါ အခုထိအချိန်ဆွဲထားတယ်ဆိုတာကလည်း သူ့ကိုလက်မထပ်ချင်လို့မဟုတ်ပါ)

(ကိုယ်ကအကြီးမို့ ငွေရေးကြေးရေးကအစ..သွန်မဆုံးမဖို့အဆုံးကိုယ်မှာတာဝန်ရှိတယ်မလား Eun Bimကလည်းကျောင်းသား ကိုယ့်မှာလည်းအလုပ်ကမယ်မယ်ရရမရှိသည်မို့ သူလက်မခံသေးခြင်းသာ)

(အခုတော့ စုတောင်းထားတာလေးတွေလည်းသူ့မှာအနည်းနဲ့အကျဥ်းတော့ရှိပါတယ် တစ်သက်လုံးစာအတွက်မဟုတ်ရင်တောင် တစ်ခနတာအတွက်တော့ ပျော်ရွှင်မှုပေးနိုင်မယ့် ပမာဏမျိုးတော့ လုံလုံလောက်လောက်ရှိတယ်)

(ဒါကြောင့် အချိန်ဆွဲမနေတော့ဘဲ ကိုယ်လည်းအသက်ရွယ်လေးရှိတုန်း လက်ထပ်ဖို့ကို ခေါင်းညိတ်လိုက်တော့မယ်)

(Seok Jinသူ့အတွေးနဲ့သူလျှောက်နေရင်း ဘေးနားကလူကိုတောင်သတိမထားမိတော့ပါ)

JK-Kim Seok Jin

(အသံသြသြကြီးနဲ့ ခပ်ပြတ်ပြတ်ထွက်လာတဲ့တစ်ဖက်လူရဲ့ခေါ်သံကြောင့် Seok Jinခြေလှမ်းတွေဟာတိခနဲ)

Jin-Jung..Jung Kook

JK-ဘာJung Kookလည်း! သူဌေးလေ အရင်တုန်းကအဲ့လိုခေါ်တာလေ

Jin-အရင်တုန်းကတော့မင်းကငါ့အလုပ်ရှင်မို့ အဲ့လိုခေါ်ရင်ခေါ်မယ် အခုတော့ မင်းနဲ့ငါနဲ့ကသူစိမ်းဘဲ

Beyond The BoundaryWhere stories live. Discover now