Daddy (25)

3K 191 3
                                    

Unicode

...ဆေးရုံရဲ့ဒါရိုက်တာ.....ည(11) နေအိမ်တွင် ရက်ရက်စက်စက် အသတ်ခံရတယ်ဆိုတဲ့သတင်းကိုကြည့်ပြီး ဝမ်ရိပေါ်
အိပ်ရာပေါ် ပြေးတက်လိုက်သည်။ အကြောင်းအရင်းက အသတ်ခံရတဲ့လူရဲ့မျက်နှာက သွေးတွေကြောင့် နီရဲနေပြီး
လျှာကလည်းအပြင်ထွက်နေသည်။

သူက စာအုပ်ဖတ်နေတဲ့ Seanနား တဖြည်းဖြည်း တိုးကပ်လာပြီး
စောင်ကိုဆွဲယူလိုက်သည်။

"Sean ကျွန်တော်အိပ်တော့မယ် TVပိတ်ပေးပါအုံး"

စောင်ကိုခေါင်းမြီးခြုံလိုက်တဲ့ သူ့ကိုကြည့်ပြီး TVဘက် Seanအကြည့်ပို့လိုက်သည်။
TVဖန်သားပြင်ထဲက မြင်ကွင်းကိုကြည့်ပြီး
Seanရဲ့မျက်နှာ ချက်ချင်းအေးစက်သွားသည်။

ထိုအချိန်မှာပဲ Seanရဲ့ဖုန်းထမြည်လာသည်။ ခေါ် ဆိုသူရဲ့နံပါတ်ကိုကြည့်ပြီး
Seanမကိုင်တော့ပေ။ဖုန်းက သုံးလေးခါဝင်လာတော့ စောင်ထဲမှာရှိနေတဲ့ဝမ်ရိပေါ်
က Seanဘာလို့ဖုန်းမကိုင်တာလဲဟုမေးလိုက်သည်။လူကတော့ စောင်ကြားထဲကနေ ထွက်မလာပေ။

"အရေးမကြီးတဲ့ဖုန်းမို့လို့ ၊ငယ်လေး အိပ်ချင်အိပ်တော့"

ရုတ်တရက် အခန်းတံခါးပွင့်လာပြီး
သူ့ကိုစကားပြောဖို့လုပ်နေတဲ့ အိမ်တော်ထိန်းကြောင့် လက်ညိုးနဲ့နှုတ်ခမ်းကိုထိကပ်ကာ ဘာမှမပြောဖို့ Seanအမြန်သတိပေးလိုက်သည်။လိမ္မာပါးနပ်တဲ့
အိမ်တော်ထိန်းကလည်း ချက်ချင်းပဲ
အခန်းကနေ ပြန်ထွက်သွားသည်။

"ငယ်လေး အိပ်ပျော်သွားပြီးလား။
ဘယ်လိုဖြစ်လို့ စောင်ကို ခေါင်းမူးခြုံထားတာလဲ ၊ ချမ်းလို့လား"

"မ မဟုတ်ဘူး Sean ဒီည ကျွန်တော့်ကို
ဖက်အိပ်ပါလား"

ပိုးတုံးလုံးလို စောင်ကြားထဲကနေ ထွက်လာတဲ့ သူ့ကို ကြည့်ပြီး Seanစိတ်ထဲ
မချင့်မရဲ ဖြစ်လာသည်။ဘယ်လိုတောင်
ချစ်စရာကောင်းနေတဲ့ အကောင်ပေါက်လေးလဲ။

"အဲ့ထက် ကောင်းတဲ့အကြံရှိပါအုံးမလား"

Seanရဲ့စကားကြောင့် ရိပေါ် မျက်ဝန်းလေးများ ဖြာလက်သွားပြီး Seanရင်ခွင်ထဲ
တိုးဝင်လိုက်သည်။

Daddy Sean Xiao ✔Where stories live. Discover now