"နှာဘူးသရဲ"
Unicode
WYB "Seanက အရမ်းတော်တာပဲ ၊ကျွန်တော်က ကံအကောင်းဆုံးလူသားပဲ
ဖြစ်ရမယ်"Sean"သဘောကျလား?"
WYB"အရမ်း အရမ်း သဘောကျတယ်"
_____________________________
"ဒေါက် ~~ဒေါက် ~~ဒေါက်"
ရှေ့ကတံခါးခေါက်သံကြောင့် အိပ်မှုန်စုန်မွှားနဲ့ ဝမ်ရိပေါ် တံခါးသွားဖွင့်လိုက်သည်။
ရုတ်တရက် ဆံပင်ဖားလျားနဲ့ ချန်ဝေဝေကို
မြင်လိုက်ရချိန်မှာတော့ သူအနည်းငယ်လန့်ကာ အော်မိမတတ်ဖြစ်သွားရသည်။သူမျက်မှောင်ကျုံ့ရင်း"အရူးမ နင့်ပုံံစံကိုပြန်ကြည့် မိန်းကလေးတွေရဲ့အလှဆုံးအချိန်က အိပ်ရာထတဲ့အချိန်တဲ့ နင်တော့မပါဘူး"
"တော်ပါ ခွေးသားရယ် နင့်ဖုန်းကို ဘာလို့အပြင်မှာထားထားတာလဲ ငါအိပ်လို့တောင်မပျော်ဘူး"
"ဘယ်သူဆက်တာလဲ"
"မသိဘူး ကိုယ့်ဘာသာကြည့် ငါ့ကိုတစ်ညလုံးအပြင်မှာအိပ်ခိုင်းတယ် နင့်ကိုမကျေနပ်ဘူး"
သူ့ကိုဖုန်းထိုးပေးရင်း မကျေမနပ်ရေရွတ်နေတဲ့ချန်ဝေဝေကို ကြည့်ပြီး သူခေါင်းကုပ်လိုက်သည်။
"ငါပင်ပန်းလို့အိပ်ပျော်သွားတာ ဘယ်လိုဖြစ်လို့ မိုးလင်းသွားလဲတော့မသိဘူး"
ချန်ဝေဝေကသူ့စကားကို မယုံသလိုနဲ့
နှုတ်ခမ်းမဲ့ပြီး ရေချိုးခန်းဘက် ဦးတည်သွားသည်။ဝမ်ရိပေါ် ကတော့ သူ သူ့
သူငယ်ချင်းရဲ့မနက်ခင်း
အိပ်ရာထပုံကို မြင်လိုက်ရချိန်ကစပြီး
မိန်းကလေးတွေအိပ်ရာထချိန် အလှဆုံးဆိုတာကို သိပ်မယုံချင်တော့ပေ။"ဒီသကောင့်သားကတော့ ပြသနာရှာချင်နေတာပဲ"
Miss called တွေအများကြီးနဲ့ ယန်ယွီရှုရဲ့နံပါတ်ကိုမြင်တော့ သူစိတ်ပျက်သွားရသည်။သေချာပေါက် သူ သူ့ကိုရှောင်စရာ
အကြောင်းမရှိပေ။အချိန်ရတာနဲ့ တိုက်ထိပ်တွေ့ပြီး ဘာဖြစ်ချင်တာလဲ မေးပြီးခါမှ နပမ်းသတ်ရမယ်ဆို သတ်ရမည်။"ကားခဏရပ်"
Seanရဲ့စကားကြောင့် အိမ်တော်ထိန်း
ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။
ဘာအတွက်ကြောင့်များကားရပ်ခိုင်းသလဲ
သိချင်တာနဲ့ နောက်ကြည့်မှန်ကနေ Seanကိုကြည့်ပြီး မေးမလို့လုပ်ချိန်မှာ
Seanဆီက စကားသံထွက်လာသည်။
STAI LEGGENDO
Daddy Sean Xiao ✔
Storie d'amoreSeme -Xiao Zhan Uke-Wang Yi Bo Zhanyi Fanfiction Written by -Lay Pyi Thway Nge Credit to the photo. စာရေးသူရဲ့အားနည်းချက်ကြောင့် ficရဲ့မပြည့်စုံမှုများစွာရှိနေပါတယ်။ အချိန်ရှိရင် ပြန်ပြင်မှာပါနော။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတ...