Daddy (11)

5.8K 440 34
                                    

Unicode

"Daddyအတွက်တော့ ငယ်လေးက
ရှားပါးလူတစ်ယောက် ကမ္ဘာပေါ်မှာ
လုံးဝရှာမတွေ့တဲ့ နတ်သုဒ္ဓါလိုမျိုး"

_______________________________

ငယ်လေးရဲ့အကျီ်ကြယ်သီးတွေကိုဖြုတ်ပြီးသွားချိန်မှာတော့ Seanရဲ့အနမ်းက
ပိုကြမ်းတမ်းလာသည်။ကလေးငယ်ရဲ့
ခါးသေးသေးလေးကို သူ့ရဲ့သန်မာသော
လက်တစ်ဖက်နဲ့ဆွဲဖက်ပြီး ကျန်လက်တစ်ဖက်ကတော့ မျက်လုံးပေါ် ကနေ
ဖယ်ခွာမသွားပဲ ရှိနေသေးသည်။ဒီအချိန်မှာရိပေါ် ကလည်း အရမ်းငိုထားလို့ မျက်လုံးတောင်မဖွင့်ချေ။ပြီးတော့ ယစ်မူးစေတဲ့အနမ်းကြောင့်လည်း သူဟာ တဖြည်းဖြည်းသာယာသွားရုံမက အိပ်ပါပျော်သွားလေတော့သည်။

နှုတ်ခမ်းချင်းခွာလိုက်စဉ်မှာပဲ ငယ်လေးရဲ့ပုံစံကိုမြင်လိုက်ရတော့ Seanနှုတ်ခမ်းထောင့်စွန်းတို့ကွေးညွှတ်သွားသည်။
လမ်းတစ်ဝက်တောင်မရောက်သေးဘူး၊
ကလေးငယ်ကအိပ်ပျော်သွားတော့
သူခရီးဘယ်လိုဆက်မလဲ၊ တကယ်
ဟက်ကော့ကြီးဖြစ်နေသည်။ဘယ်လိုပဲ
ဖြစ်ဖြစ် ဒီလိုကိစ္စတွေက နှစ်ဦးနှစ်ဖက်
သဘောတူညီမှုရရှိပြီး စိတ်ပါဝင်စားစွာ
ဆင်နွှဲမှ ပျော်ရွှင်မှုတို့ အပြည့်အဝခံစားနိုင်မည်။

ကလေးပိစိလေးက အပြစ်ကင်းစွာ
အိပ်ပျော်သွားတော့ Sean က
အသာပွေ့ချီပြီး ကုတင်နား လျှောက်လာကာ အိပ်ရာပေါ် အသာလေးတင်လိုက်သည်။သိပ်မကြာခင်က သူဖြုတ်လိုက်တဲ့
ကြယ်သီးတွေကို တစ်လုံးတပ်ပေးလိုက်
စိုရဲရဲနှုတ်ခမ်းဖူးဖူးလေးကို တစ်ချက်နမ်းလိုက်နဲ့ အလုပ်ဖြစ်နေသည်။ကြယ်သီးတပ်လိုက် နှုတ်ခမ်းနမ်းလိုက်နဲ့ သူတကယ် ကျေနပ်ပီတိဖြစ်မိသည်။ကလေးငယ်က သူ့အပေါ် နည်းနည်းတော့သံယောဇဉ်တွေ ရစ်တွယ်လာပြီးလို့ Sean ယုံကြည်သည်။

ဒီလိုနဲ့သူ့ကလေးကို သေသေချာချာစောင်ခြုံပေးပြီး နဖူးပြေပြေလေးကို
အနမ်းတစ်ပွင့်ခြွေကာ အခန်းကနေ
Sean ထွက်လာခဲ့သည်။သူထွက်လာတာမြင်တော့ အိမ်တော်ထိန်းက သူ့အနားသို့ တိုးကပ်လာပြီး နှစ်ကိုယ်ကြားတီးတိုးဆိုလိုက်သည်။Seanသည် ငယ်လေးရဲ့အခန်းကို တစ်ချက်ကြည့်ပြီး စမတ်ကျကျ
အောက်ထပ်ကိုဆင်းလာသည်။

Daddy Sean Xiao ✔Where stories live. Discover now