Unicode
အား!
"ကျန့်ကျန့် မင်းဦးလေးငယ်ကို စိတ်ပျက်အောင် မလုပ်ချင်စမ်းပါနဲ့ကွ"
ရှောင်းဖုန်းလျိုသည် စကားကို စိတ်ပျက်သလိုဆိုရင်း Seanရဲ့ ရှေ့ဆံပင်ကို
ဆောင့်ဆွဲပြီး ပါးကို ဘယ်၊ညာ ရိုက်ချလိုက်သည်။"နဂါးမျက်လုံး ဘယ်မှာလဲ မင်းသေချာသိမ်းထားတယ်မလား"
"ကျွန် ကျွန်တော်မသိဘူး"
ညတုန်းက တစ်ညလုံးနှိပ်စက်ခံထားရလို့
Seanရဲ့အသံက ရှတတဖြစ်နေသည်။ရင်ဘတ်နဲ့ ကျောပြင်ကို မီးထဲထည့်ထားတဲ့သံပြားနဲ့ အကြိမ်များစွာ အကပ်ခံရလို့နာကျင်ပေမယ့် အော်ဖို့ကလွဲရင် Seanဘာမှ မတတ်နိုင်ခဲ့ပေ။"မင်းခေါင်းမာနေအုံးမယ်ဆိုရင် ဒီငရဲခန်းထဲကနေ လုံးဝထွက်ခွင့်ရတော့မှာမဟုတ်ဘူး"
ထိုအချိန် လူတစ်ယောက်က
ဝှီးချဲပေါ် ကနေ ကြမ်းပြင်ပေါ်
သူ့ကိုတွန်းချလိုက်တာကြောင့်
Seanမှောက်လျက်အနေအထား
ဖြစ်သွားရသည်။ သူ့ရှေ့လာရပ်တဲ့ ဦးလေးငယ်ကို Sean မော့ကြည့်တော့ ခြေထောက်တစ်ဖက်က သူ့ခေါင်းပေါ် ရောက်လာသည်။"ကောင်းပြီး ဟေ့ကောင်တွေ ဇီဥယျာဥ်တစ်ခုလုံး အိမ်ပါမကျန် ရှာကြစမ်း"
"ဦး ဦးလေးငယ် "
"ဟား...ဟား...လန့်နေပြီးလား ၊အဲ့ပစ္စည်းက ငါပဲရသင့်တာ ကျန့်ကျန့်။ဟျောင့်တွေ
မြန်မြန်ရှာလာခဲ့ အဲ့ပစ္စည်းကို ငါမြင်ချင်လှပြီး"အကြင်နာတရားကင်းမဲ့နေသော ဦးလေးဖြစ်သူကိုကြည့်ပြီး Sean သက်ပြင်းသာ
ချလိုက်မိသည်။ရှောင်းဖုန်းလျိုသည် နဂါးမျက်လုံးကို ရဖို့သာ အာရုံရှိနေသည်။
ဒီတစ်ခါတော့ သတိမေ့လျော့နေတဲ့သူ့ကို
Seanမသနားမိပါတော့လေ။"ဟင် ရိပေါ်ဒီအခန်းထဲ နင်ဘယ်လိုဝင်လာတာလဲ"
"ရှူး အကုန်လုံးက ဇီဥယျာဥ်ကို သွားနေကြ
ပြီး ၊ခြံထဲမှာ နှစ်ယောက်ပဲကျန်တယ်"စီချင်းဂူသည် အဖော်တစ်ယောက် တိုးလာတာကြောင့် အနည်းငယ်တော့ စိတ်သက်သာရာရသွားခဲ့သည်။
YOU ARE READING
Daddy Sean Xiao ✔
RomanceSeme -Xiao Zhan Uke-Wang Yi Bo Zhanyi Fanfiction Written by -Lay Pyi Thway Nge Credit to the photo. စာရေးသူရဲ့အားနည်းချက်ကြောင့် ficရဲ့မပြည့်စုံမှုများစွာရှိနေပါတယ်။ အချိန်ရှိရင် ပြန်ပြင်မှာပါနော။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတ...