Daddy (1)

31.5K 942 22
                                    

🔹🔹🔹unicode🔹🔹🔹

တရုတ်ပြည်သူ့သမ္မတနိုင်ငံရုံးစိုက်ရာ
မြို့တော်ဖြစ်ပြီး တရုတ်ပြည် မြောက်
ပိုင်းတွင်တည်ရှိသည့် မြို့ပြကြီးတစ်ခု
ဖြစ်သည့် ပေကျင်းမြို့သည် ဗဟိုအစိုးရမှ
တိုက်ရိုက်အုပ်ချုပ်သည့် မြို့ကြီးလည်း
ဖြစ်သည်။ပေကျင်းမြို့အနီး အရှေ့မြောက်ဘက် ၃၂ကီလိုမီတာ အကွာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားလာနေကျတဲ့
တရုတ်လူမျိုးတွေ၊ နိုင်ငံခြားခရီးသည်တစ်ချို့နဲ့ပြည့်နှက်နေသည်။

လေဆိပ်ထဲတွင် အရပ်၆ပေကျော်နဲ့သန်မာကျစ်လျစ်ပြီး ကိုယ်ခန္ဓာဖွံ့ထွား
သော လူ၁၀ယောက်သည် တစ်စုံတစ်
ယောက်ကို လိုက်လံရှာဖွေနေကြသည်။
လေယာဥ်ဆိုက်ပြီးခါစမို့ ရှုပ်ယှက်ခတ်
နေတဲ့ လူတွေကြားထဲ သူတို့မျက်လုံးကို
ကောင်းစွာအလုပ်လုပ်ပေးကြရသည်။
သို့ပေမယ့် သူတို့ရှာနေသောလူနဲ့ဆင်တူတဲ့
မည်သူတစ်ဦးယောက်ကိုမှ မတွေ့ခဲ့ကြပေ။

လူကြားထဲတွင် အပြင်ကို တိုးထွက်လာသောလူရွယ်တစ်ယောက်သည် သူ့ခေါင်းစွပ်ကိုချလိုက်ပြီးအနက်ရောင်မျက်မှန်ကို ချွတ်ကာလေဆိပ်တွင်းသို့ တောင်ကြည့်မြောက်ကြည့်ကြည့်လိုက်သည်။သူ့အတွက်သံသယဖြစ်စရာလူမရှိတော့မှ ရှေ့တွင်ရပ်လာသော အနက်ရောင်ကားလေးထဲချက်ချင်းဝင်လိုက်သည်။

ခုနက လူ၁၀ယောက်ထဲက တစ်ယောက်က
ထိုလူရွယ်ကိုမြင်ပြီး အပြင်ကိုပြေးထွက်လာရင်းသူ့လူတွေကို အကြောင်းကြားလိုက်သည်။ထိုလူရွယ်ဝင်ထိုင်လိုက်တာနဲ့
ကားပေါ် တွင် နောက်ထပ်လူရွယ်တစ်ယောက်ဆင်းလာပြီး တက္ကစီငှားကာ ပြန်ထွက်သွားလေသည်။

ကားမောင်းရင်း မျက်မှန်ချွတ်ကာ နှုတ်ခမ်းတစ်ဖက်ကွေးညွတ်သွားသူက
ဝမ်ရိပေါ် ။ပြီးခဲ့တဲ့တစ်ပတ်က
လောင်းကစားဝိုင်းတွင် သူ့ပါးပါးနာမည်သုံးပြီး ယွမ်ပေါင်းများစွာ လောင်းကြေးထပ်ခဲ့သည်။ရှုံးသွားတဲ့အချိန်မှာတော့
သူသည် ဂျပန်ကိုခရီးထွက်တဲ့အနေနဲ့
ထွက်ပြေးသွားတာကြောင့် သူ့ပါးပါး
တစ်နည်းအားဖြင့် မွေးစားအဖေက
သူ့အစား အလျော်ပေးခဲ့ရသည်။

Daddy Sean Xiao ✔Donde viven las historias. Descúbrelo ahora