Unicode
WYB"ရှောင်းရှုရှုကို ကျွန်တော်နမ်းလို့ရမလား?"
Sean "မရဘူး"
WYB "ဘာလို့လဲ"
Sean "ကိုယ်ကပဲ နမ်းမယ်"
____________________________________
Beep~~~Beep
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ဖုန်းသံ
ကြောင့် ကိုယ်ရံတော်တွေ အစေခံတွေ
ထိတ်လန့်ကုန်သည်။ဖုန်းက ဒီလောက်
ပစ်ပေါက်ခံရတာတော့ မပျက်စီးပဲ
တဂျီဂျီနဲ့ မြည်နေတာကြောင့် သူတို့
စိတ်မအေးဖြစ်ကြရသည်။Seanသောင်းကျန်းထားတာကြောင့်
တစ်အိမ်လုံးရစရာမရှိအောင်ရှုပ်ပွ
ပျက်စီးနေပြီး။ကြည့်ရတာတော့ စီလင်း
က ဧည့်ခန်းရဲ့အလယ်မှာ ဝပ်နေပြီး
ကျားပေါက်ကလေးတွေကတော့
ဆော့ကစားနေကြသည်။"ဘယ်သူ ခေါ် တာလဲ"
အိမ်တော်ထိန်းက ကြမ်းပြင်မှာ ပစ်ပေါက်ခံထားရတဲ့မှန်ကွဲနေတဲ့ဖုန်းကို ကြည့်လိုက်တော့ ဝမ်ရိပေါ် ခေါ် ဆိုမှန်းတွေ့လိုက်ရသည်။
"ကောင်လေး ခေါ် တာပါ"
Seanကဖုန်းကို တောင်းလိုက်တဲ့အချိန်မှာတော့ အိမ်တော်ထိန်းနဲ့ ပြာပြာသလဲ
ပေးရတော့သည်။ ရစရာမရှိအောင် ကွဲနေတဲ့ဖုန်းscreenကို ကြည့်ပြီး Sean မျက်မှောင်ကြုတ်သွားလေသည်။အိမ်တော်ထိန်းက အလိုက်တသိနဲ့ သူ့ဖုန်းကို
Seanကိုပေးလိုက်သည်။Seanကိုဖုန်းခေါ် လို့မရတော့ ဝမ်ရိပေါ် စိတ်ပျက်သွားရသည်။ထိုအချိန် အိမ်တော်ထိန်းဆီက ဖုန်းဝင်လာတော့ သူချက်ချင်းပဲကိုင်လိုက်သည်။
"အိမ်တော်ထိန်း?"
"မဟုတ်ဘူး"
"Sean? ဘာလို့ကျွန်တော့်ဖုန်းကိုမကိုင်တာလဲ?မကိုင်ချင်လို့မလာ?"
"ဒီအချိန်ကြီး မအိပ်သေးဘူးလား"
"Seanကို လွမ်းလို့ အိပ်လို့မပျော်ဘူး၊
အဲ့ဒါကို Seanမသိဘူးမလား""မနက်ဖြန် အိမ်ကိုလာခဲ့"
"တကယ်လား"
"အင်း"
"ဟီးဟီး အဲ့ကြောင့်ချစ်နေရတာ ၊Good
nightနော Sean မွမွ"နှုတ်ခမ်းထောင့်စွန်းကွေးညွှတ်သွားတဲ့
Seanကို ကြည့်ပြီး ကိုယ်ရံတော်တွေ
အစေခံတွေ စိတ်သက်သာရာရသွားပြီး
အခုမှ အသက်ကောင်းကောင်းရှူနိုင်ကြ
တော့သည်။မဟုတ်ရင်တော့ တစ်ညလုံး
သူတို့အိပ်ရမှာမဟုတ်ပေ။
YOU ARE READING
Daddy Sean Xiao ✔
RomanceSeme -Xiao Zhan Uke-Wang Yi Bo Zhanyi Fanfiction Written by -Lay Pyi Thway Nge Credit to the photo. စာရေးသူရဲ့အားနည်းချက်ကြောင့် ficရဲ့မပြည့်စုံမှုများစွာရှိနေပါတယ်။ အချိန်ရှိရင် ပြန်ပြင်မှာပါနော။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတ...