Daddy( 5)

8.1K 602 43
                                    

Unicode

"ရှီး!"

နာကျင်သွားသော အောက်နှုတ်ခမ်းကို
လက်မနဲ့Seanအသာတို့ထိတော့
နီရဲသောသွေးတွေကိုမြင်လိုက်ရတာမို့
မျက်ခုံးတန်းတန်းလေးတွေ ပင့်တက်သွားရသည်။

လက်လေးပိုက်ကာကျေနပ်တဲ့မျက်နှာထားနဲ့ သူ့ကိုပြုံးကြည့်လာသော ငယ်လေး
ကြောင့် Seanနှုတ်ခမ်းသားတို့
အနည်းငယ်ကော့တက်သွားသည်။

"ငယ်လေး မင်းကျောင်းပြန်တက်ရမယ်"

တည်ငြိမ်အေးဆေးစွာ သူ့ကို Sean
ဆိုတော့ ရိပေါ် မျက်နှာထက် အလိုမ
ကျမှုတို့က အထင်းသား။

ကျစ်ကန်ကန်ရုပ်လေးနဲ့ ဆံပင်ကြားထဲ
လက်ထိုးဖွရင်း စိတ်ရှုပ်သလိိုခပ်ဖွဖွလေး
ရိပေါ် ကုပ်လိုက်သည်။

"မတက်ဘူး ၊ ကျောင်းနဲ့ပက်သက်ရင်
ကြားကိုမကြားချင်တာ ။ခင်ဗျားကလေ
စောက်စကားကိုများတယ်"

သူ့ကိုမျက်လုံးပြူးကာ လက်ညိုးထိုးဆိုရင်း လက်မနဲ့ နှာခေါင်းကိုတစ်ချက်ပွတ်ဆွဲလိုက်တဲ့ ငယ်လေးကို Seanတစ်ချက်ကလေးသာ ကြည့်ပြီး အပေါ် သို့တက်သွားသည်။

"ဟေ့ ဘဲကြီး၊ မတက်ဘူးလို့ပြောနေတယ်လေး။ ငလူးလိုမှပဲ ငါ့စကားကို ဘာလို့ဂရုမစိုက်တာလဲ"

လှေကားအတိုင်း ရိပေါ် ပြေးတက်လာပြီး
Seanရဲ့အခန်းသို့ဦးတည်လိုက်သည်။
Seanရဲ့အခန်းရှေ့ရောက်တော့ တံခါးကို
တွန်းဖွင့်ဖို့ကြိုးစားပေမယ့် ရိပေါ် ဖွင့်လို့မရပေ။တဒုန်းဒုန်းနဲ့ ထုရိုက်နေတာတောင်
အခန်းထဲက ဘာတုန့်ပြန်သံမှ ထွက်မလာမို့ ရိပေါ် ရှူးရှူးရှားရှားဖြစ်သွားရကာ တံခါးကို
ခြေထောက်နဲ့တစ်ချက်ကန်ထည့်လိုက်သည်။

"စောက်ဂရုမစိုက်ဘူးပေါ့ ဟုတ်လား"

အကျီ်လက်တွေကို ခပ်ကြမ်းကြမ်းလေး
ဆွဲတင်ရင်း နောက်ဆုတ်ကာ အရှိန်ယူလိုက်ပြီး ရိပေါ် ပြေးလာတော့ ရုတ်တရက်
တံခါးက ပွင့်လာတာမို့ အရှိန်လွန်ကာ
အဖြူရောင်သိုးမွှေးကော်ဇောထက်
မှောက်လျက်သား လဲကျသွားလေသည်။

ရင်ဘတ်က အနည်းငယ်အောင့်တက်လာတာမို့ ရိပေါ် မျက်နှာရှုံ့မဲ့ကာ ကြိုးစား
ထလိုက်သည်။သူ့ရှေ့မှာ ခြေချိတ်ထိုင်ကာ
အပြုံးအရယ်ကင်းမဲ့လျက် ကြည့်လာသော
အနှီလူသားကို နှုတ်ခမ်းလေးဆူကာ ရိပေါ် မကျေမနပ်ကြည့်လိုက်သည်။

Daddy Sean Xiao ✔Where stories live. Discover now