Daddy (22 )

4.9K 324 32
                                    

Unicode

"Sean"

Seanနာမည်အော်ခေါ် ရင်း အခန်းထဲပြေးဝင်လာတဲ့ ဝမ်ရိပေါ် သည် Sean ခန္ဓာကိုယ်
ပေါ် က ဘာဒဏ်ရာမှမတွေ့ပဲ မျက်ခုံးအထက်နားလေးမှာ ပလာစတာတစ်ခုသာ
ကပ်ထားတာကို တွေ့လိုက်ရတော့ ရင်ထဲက အပူလုံးကြီးကျသွားရသည်။

Seanရဲ့နံဘေးတွင် Seanနဲ့ရုပ်ချင်းနည်းနည်းဆင်နေသော သန့်ပြန့်ခန့်ညားတဲ့လူကြီးနဲ့အိမ်တော်ထိန်းကို ရိပေါ် တစ်ချက်ကြည့်ပြီး ကုတင်နားလျှောက်လာခဲ့သည်။ဒီလူကြီးကသေချာပေါက်Seanပြောပြောနေတဲ့ သူ့ဦးလေးငယ်ဆိုသူဖြစ်ရမည်။သူ့ရဲ့အကြည့်တွေကိုရိပေါ် မနှစ်မြို့ပါ၊ မျက်လုံးက ပြုံးပေမယ့်နောက်ကွယ်မှာ နောက်ကျောဓားထိုးမယ့်သူမျိုးပေ။သူရိပေါ် ကို သဘောမကျသလိုရိပေါ် လည်း သူ့ကိုသဘောမကျပေ။

"သူက ဘယ်သူလဲSean ၊ ဦးလေး တရုတ်ပြည်ပြန်ရောက်တော့ မင်းကောင်လေးတစ်ယောက်ကို မွေးစားလိုက်တယ်လို့
ကြားတယ်"

"ဟုတ်တယ် ဦးလေးငယ် သူ့ကို ကျွန်တော်
ဝမ်သူဌေးဆီကနေ တရားဝင်မွေးစားထားတာ"

"မဆိုးပါဘူး ၊ငါ့တူက အဖော်မရှိတော့
အဲ့လိုလုပ်ဖို့ အတွေးရလိုက်တာထင်တယ်။ငါ့တူရဲ့ ပိုင်ဆိုင်မှုတွေကို ကံကောင်းရင်
သူရမယ်မလား"

"ကဲ ဦးလေးအလုပ်ရှိသေးလို့ပြန်လိုက်အုံးမယ်၊နောက်ရက်မှပဲ ပြန်လာခဲ့မယ်"

ဦးလေးငယ်ရဲ့စကားကြောင့် Seanရဲ့အကြည့်တွေက အိမ်တော်ထိန်းဆီ မသိမသာရောက်လာသည်။အိမ်တော်ထိန်းလည်း
နားလည်ပြီးဆိုတဲ့အကြည့်နဲ့ အခန်းကနေ
ထွက်သွားလေသည်။

ရှောင်းဖုန်းလျိုနဲ့အိမ်တော်ထိန်း
အခန်းကထွက်သွားတာနဲ့
Seanနံဘေးတွင် ရိပေါ် ဝင်ထိုင်လိုက်ပြီး

"Sean အက်စီးတန်းဖြစ်တယ်ဆို ဘယ်နားထိခိုက်သွားသေးလဲ"

"ရှန်ဟိုင်းကိုရောက်ခါနီး ကိုယ်အက်စီးတန်းဖြစ်တာ ၊ဒီနေ့နဲ့ဆို သုံးရက်ရှိနေပြီး။
ကိုယ်ဒီမနက်ပေကျင်းကိုပြန်ရောက်မှ
ငယ်လေးကိုဖုန်းဆက်ခိုင်းတာ"

" ကိုယ့်ခြေထောက်တွေ ဘာမှလုပ်လို့မရတော့ဘူး"

ကုတင်ဘေးက ဝှီးချဲကိုမြင်လိုက်ရချိန်မှာတော့ ဝမ်ရိပေါ် ခဏဆွံ့အသွားသည်။

Daddy Sean Xiao ✔Where stories live. Discover now