Daddy(21)

3.9K 305 22
                                    

Unicode

ဒီနေ့တော့ ဇီဥယျာဥ်ကို သွားဖို့ရိပေါ် ဆုံးဖြတ်လိုက်သည်။ သူSeanနဲ့မတွေ့ရတာ 3ရက်ကြီးများတောင်ရှိနေပြီးလေ။
ခက်တာတစ်ခုက သူ့ကိုအနှောင့်အယှက်
လိုက်ပေးတဲ့ယန်ယွီရှုကြောင့်ပေ။မသိရင်
သူ့ကိုနောက်ယောင်ခံလိုက်နေသလို
သွားတဲ့နေရာတိုင်းမှာ သရဲတစ်ကောင်လို
ပေါ် လာတတ်သည်။

အတွေးတွေကြားမှာပဲ သူနောက်ကနေ
လိုက်လာရတဲ့ဆိုင်ကယ်သံတွေကြောင့်
ရိပေါ် လှည့်ကြည့်လိုက်မိသည်။ ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောက်စီပါပြီး သုံးစီးစလုံးက ဘေးချင်းယှဥ်မောင်းလာကြသည်။

ဒီလူတွေပုံစံက ကျောင်းသားတွေနဲ့မတူပဲ
ကြေးစားလူသတ်သမားတွေနဲ့တောင်
တူနေသေးသည်ဟု ရိပေါ် ထင်သည်။
နောက်ကဆိုင်ကယ်တွေက သူ့ကိုအမှီလိုက်နေတော့ သူလည်းဆိုင်ကယ်ကို
အရှိန်မြင့်ပြီး ဇီဥယျာဥ်ကို ရောက်ဖို့သာ
စိတ်စောနေတော့သည်။

ကံမကောင်းစွာနဲ့ပဲ သူ့ရှေ့တည့်တည့်ကို မောင်းဝင်လာတဲ့ ကားတစ်စီးကြောင့်
ရိပေါ် အမြန်ရှောင်လိုက်တာမို့ ဆိုင်ကယ်တစ်ခြား လူတစ်ခြား လွင့်ထွက်သွားသည်။ဆိုင်ကယ်ဦးထုပ်ဆောင်းတာမို့
ရိပေါ် အများကြီး ထိခိုက်မသွားပဲ
လက်ကောက်ဝတ်နားတဝိုက်မှာ ခြစ်ရာ
အနည်းငယ်သာရှိနေသည်။

မျက်နှာလေးရှုံ့မဲ့ကာ အတင်းထထိုင်တော့
ဆိုင်ကယ်ပေါ် က လူအားလုံးက သူ့ဆီ
လျှောက်လာနေကြတာကို ရိပေါ် မြင်လိုက်ရသည်။ဒီလူတွေကို ရိပေါ် မမြင်ဖူးပေ ၊
ရန်ဘက်ဆိုလို့ ကျောင်းကကောင်တွေသာရှိသည်။ဘယ်သူကများ သူ့ကို မကျေမနပ်ဖြစ်နေတာလဲ။

ထိုအချိန်တွင် သူတို့နဲ့မလှမ်းမကန်းမှာ ဆိုင်ကယ်တစ်စီးထိုးရပ်လာသည်။ယန်ယွီရှုကို
မြင်လိုက်ရတော့ ရိပေါ် အနည်းငယ်အံ့သြ
သွားသည်။သူထင်တဲ့အတိုင်း ဒီလူဟာ
သူရှိတဲ့နေရာတိုင်းမှာ အမြဲတမ်း ပေါ် လာတတ်သည်။

ယန်ယွီရှုက သူ့အပေါ် ဝတ်ကို ချွတ်လိုက်ပြီး ရိပေါ် ကိုတစ်ချက်ကြည့်လိုက်သည်။
နောက် သူကခြေလှမ်းကျဲကြီးနဲ့ လျှောက်လာပြီး သူ့ဆီပြေးဝင်လာတဲ့ကောင်ရဲ့
ဝမ်းဗိုက်တည့်တည့်ကို စောင့်ကန်လိုက်သည်။ လူခြောက်ယောက်နဲ့တောင်
ပေါ့ပေါ့ပါးပါး ဖိုက်နေတဲ့ ယန်ယွီရှုကို
ကြည့်ပြီး ရုပ်ရှင်ကြည့်ရသလို ရိပေါ်
မေ့မျောကာ ထိုင်ကြည့်နေမိသည်။
ယန်ယွီရှုလို ပြီးပြည့်စုံတဲ့လူတစ်ယောက်က ပဲသာများတတ်ပြီး ကိုယ်ကိုယ်ကို
အထင်ကြီးတတ်တယ်လို့သာ ရိပေါ် ထင်ခဲ့သည်။အခု သူ သူ့ကို အနည်းငယ် အမြင်
ကြည်လာပြီး ကျေးဇူးလည်းတင်မိသည်။

Daddy Sean Xiao ✔Where stories live. Discover now