Unicode
Sean " မငိုပါနဲ့"
Yb"ခင်ဗျားရဲ့လျစ်လျူရှုမှုကို ကျွန်တော်
မခံနိုင်ဘူး"Seanတစ်ကိုယ်နည်းရေရွတ်လိုက်သည်။
Sean"ကိုယ် ဝမ်ရိပေါ် လေးကို အရမ်းချစ်တယ်"
___________________________________
မနက်စာစားဖို့ထွက်လာတုန်း
အိမ်ထဲတွင် ရှုပ်ယှက်ခတ်နေတဲ့ အစေခံတွေမြင်တော့ ဝမ်ရိပေါ် မျက်မှောင်ကြုတ်ကာ လှေကားဘက်သို့ဦးတည်သည်။လှေကားလက်ရန်းမှာ အလှဆင်ထားတဲ့
မဂ်လာအခမ်းအနားမှာတွေ့ရတတ်တဲ့
ပြင်ဆင်မှုတွေကိုမြင်တော့ ဝမ်ရိပေါ် သိချက်စိတ်ပြင်းပြလာပြီး လှေ
ကားအတိုင်းပြေးဆင်းလာသည်။အောက်ထပ်တွင်အလုပ်သမားတစ်ချို့နဲ့ အစေခံတွေကအိမ်ကို အလှဆုံးဖြစ်အောင် သေသေချာချာပြင်ဆင်နေပြီး Seanကတော့ ဧည့်ခန်းဆိုဖာပေါ် ခြေချိတ်ကာ အခန့်သားထိုင်နေသည်။သူ့ရှေ့မှာတော့အိမ်တော်ထိန်းထိုင်နေပြီး Seanကို
စကားတွေပြောနေသည်။Seanကတော့
ခေါင်းကိုလက်ထောက်ရင်း မျက်လုံးမှိတ်ကာနားထောင်နေသည်။ဒါက ဘာအခြေအနေကြီးလဲ?Seanဆိုတဲ့လူကြီးက ဘာတွေလုပ်နေတာလဲ?ဒီအိမ်က
လူတွေကရော ဘာတွေလုပ်နေကြတာလဲ?အိမ်တော်ထိန်းက စကားပြောနေရာမှ
ကောင်လေးကိုမြင်တော့ ခဏတန့်သွားသည်။ဒါကို Seanကလည်း မျက်မှောင်လေးကြုတ်ကာ မျက်လုံးဖွင့်ကြည့်သည်။အိမ်တော်ထိန်းအကြည့်ရောက်တဲ့ဘက်ကို Sean သာမန်ကာလျံကာကြည့်လိုက်သည်။သူ့ကလေးကိုမြင်တာနဲ့ Seanမျက်ခုံးနှစ်ဖက် မြင့်တက်သွားပြီး ချက်ချင်းမတ်တပ်ထရပ်သည်။သူ့ကလေးဆီ ပုံမှန်အနေအထားအတိုင်း
စမတ်ကျကျလျှောက်လာပြီး ဦးစွာ
ပြုံးပြသည်။ထိုအပြုံးကြောင့် ငယ်လေးကတော့ မျက်မှောင်ကြုတ်သွားသည်။
Seanကသူ့အနားရောက်ရောက်ချင်းမှာ
ခန္ဓာကိုယ်ကို ကိုင်းချပြီး ဦးစွာနဖူးကို
နမ်းသည်။ဘေးနားက မည်သူတစ်ဦးတစ်ယောက်မျှမရှိသည့်အလား Seanက
တည်ငြိမ်နေနိုင်ပေမယ့် ဝမ်ရိပေါ် ကတော့
ရှိုးတိုးရှန်းတန်းနဲ့ ဘေးဘီကို မျက်လုံးကစားလိုက်သည်။
YOU ARE READING
Daddy Sean Xiao ✔
RomanceSeme -Xiao Zhan Uke-Wang Yi Bo Zhanyi Fanfiction Written by -Lay Pyi Thway Nge Credit to the photo. စာရေးသူရဲ့အားနည်းချက်ကြောင့် ficရဲ့မပြည့်စုံမှုများစွာရှိနေပါတယ်။ အချိန်ရှိရင် ပြန်ပြင်မှာပါနော။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတ...