Daddy (15)

4.7K 384 46
                                    

Sean"မင်းဘာလို့ အကျီ်ချွတ်တာလဲ?"

WYB"Sean လုပ်တာ ခံချင်လို့"

Sean ". ...."

_________________________

Unicode

နောက်တစ်နေ့မနက်မှာတော့ ထိုအခန်းထဲမှာ ရိပေါ် တစ်ယောက်သာ ကျန်နေခဲ့သည်။ Seanကတော့ ဘယ်ဆီဘယ်ဝယ်
ရောက်လို့ရောက်မှန်းမသိပေ။ဒီနေ့ကိုယ့်
အပေါ် ကောင်းပြီး နောက်တစ်နေ့ ကိုယ့်ကို
သူစိမ်းတစ်ယောက်လိုဆက်ဆံသွားတဲ့
Seanလိုလူမျိုးကို ရိပေါ် ဘယ်လိုမှနား
မလည်ပေ။ဒါမှမဟုတ်ပဲ Seanက
ဟိုအရင်းကတည်းက လူတိုင်းအပေါ်
အဲ့လိုမျိုးပဲ လုပ်လေ့လုပ်ထရှိတာလား။

ဇီဥယျာဥ်ကိုရောက်ကတည်းက ရိပေါ် အနေနဲ့ Seanကို ဘယ်အပြစ်မှရှာမတွေ့
ခဲ့ပေ။သူ့အပေါ် တစ်ခါတစ်လေလေး
တောင်စိတ်ဆိုးဒေါသထွက်တာတို့မရှိတဲ့အပြင် စကားဆိုလည်း ချိုချိုသာသာလေး
သာပြောဆိုတတ်သည်။

Seanက သူများတွေလို ကုမ္ပဏီသွားလေ့မရှိပေမယ့် အမြဲတမ်းလိုလို လက်တောပ့်တစ်လုံးနဲ့အလုပ်ရှုပ်နေတတ်ပြီး အစည်းအဝေးတွေတောင်လုပ်လေ့ရှိသည်။

အိုး!မဟုတ်မှ Seanက ဟိုတစ်ခေါက်ကိစ္စကို စိတ်ဆိုးသွားတာလား?သူအစည်းအဝေးလုပ်နေတုန်းက ရိပေါ် တကယ်မသိခဲ့ပဲ ပေါင်ပေါ် ထိုင်ချမိလို့
သူ့လူတွေမြင်သွားပြီး နောက် သူ့ကို
ကဲ့ရဲ့တာများလား?မဟုတ်ဘူး ငါက
Seanအပေါ် အပြစ်တွေအများကြီးလုပ်
ခဲ့တာပဲ ၊ Sean စိတ်ဆိုးသင့်တယ်။
ကိစ္စမရှိဘူး၊ သူငါ့ကို လုံးဝလျစ်လျူ
ရှုသွားတာထက်စာရင် စိတ်ဆိုးတာဖြစ်
ဖြစ် မုန်းတာဖြစ်ဖြစ် ငါ့အတွက် ပိုအဆင်
ပြေတယ်။

ထိုအချိန် စားပွဲပေါ် က vibration သံကြောင့် ရိပေါ် အတွေးတို့ပြတ်တောက်သွားရသည်။သူ့ကိုဖုန်းခေါ် တဲ့သူက အခြားလူ
မဟုတ်ဘူး ၊သူ့ရဲ့သူငယ်ချင်းမလေး
ချန်ဝေဝေဖြစ်နေသည်။သူက ချက်ချင်းပဲ
ဖုန်းကိုင်လိုက်တယ်။

"ဝေဝေ"

". .........."

"ငါအတန်းတက်ဖြစ်မှာမဟုတ်ဘူး
နင်လည်းသိတဲ့အတိုင်း"

". ..........."

"အခုလောလောဆယ် ငါ့ကိုအိမ်မှာစောင့်
နေ ငါလာခဲ့မယ်၊ ပြီးတော့ နင်ဟိုတီးဝိုင်းအဖွဲ့နဲ့ရင်းနှီးတယ်မလား Jokeလား jackလားအဲ့တီးဝိုင်းကို သွားငှားပေး အားကိုးပါရစေ"

Daddy Sean Xiao ✔Donde viven las historias. Descúbrelo ahora