Part 11(Unicode)

2.1K 96 2
                                    

*သခင်ကြင်လျှင်ချစ်ခြင်းမည်*

"ကိုကို…ကိုကို နေပါအုံး"

အမောတကြီး သခင့်နောက်ကိုပြေးလိုက်လာသည့် နိဒါန်းသစ်။

"ဘာဖြစ်လာတာလဲ "

"မမှီမှာစိုးလို့လေ ကျနော်ဒီနေ့အိပ်ယာထနောက်ကျတော့
ကားမမှီလိုက်ဘူး ကိုကိုကလဲ ကျနော့်ကိုတောင်မစောင့်ဘူး"

"ငါကမင်းကျောင်းရောက်ပြီထင်တာလေ"

"မရောက်သေးပါဘူး…ဒါနဲ့လေမနေ့ညက သီချင်းကြိုက်လား"

"အဲ့ဒါဘာသီချင်းလဲ"

"ဂရေဟမ်ဆိုတာလေ သီချင်းနာမည်က အချစ်ငှက်ငယ်တဲ့"

"အော်"

"သီချင်းအဓိပ္ပာယ်ကိုကျနော်ရှင်းပြရမလားကိုကို"

မြန်မာသီချင်းကို အဓိပ္ပာယ်မသိဘူးပြောရင် သခင်လိမ်ရာကျမည်ပေါ့။

"ဟင်. .မလိုဘူးရတယ်"

"မရပါဘူး ကျနော်ရှင်းပြချင်တယ်"

"မင်းနော်"

ကိုကို့မျက်နှာကနီနေသည်။
နားရွက်ဖျားလေးတွေဆိုတာလဲ နေရောင်အောက်မှာပိုလို့တောင်နီမြန်းနေသေးသည်။

"သခင်"

နိဒါန်းနဲ့ကိုကိုစကားပြောနေတုန်း ဟိုငနာအာကာယံဟိန်း ရောက်လာပြန်သည်။

"သခင်အနေအထိုင်လေးဘာလေးဆင်ခြင်အုံး
ဘေးလူတွေပြောတာကိုလဲနည်းနည်းဂရုစိုက်အုံး"

"မင်းဘာပြောချင်တာလဲ အာကာယံဟိန်း ငါကဘယ်သူ့ကိုဂရုစိုက်ရမှာလဲ"

"မင်းနဲ့ ဒီကောင်ကို ချစ်သူတွေလို့သူများတွေပြောနေကြပြီလေ
မင်းမသိဘူးလား အဲ့ဒါမင်းဒီကောင်နဲ့အရောတဝင်နေလို့"

"ငါ့ဘာငါဘယ်သူနဲ့အရောတဝင်နေနေ မင်းနဲ့ဘာဆိုင်လဲ ယောကျာ်းလေးနှစ်ယောက်ကတောင် ရင်းနီးလို့မရဘူးလား"

"ဆိုင်တယ် မင်းနဲ့ငါ့ကို လူကြီးတွေသဘောတူထားတာမင်းမမေ့နဲ့"

"အရေးမပါတာတွေလာပြောမနေနဲ့အာကာယံဟိန်း
လူကြီးတွေမျက်နှာကြောင့်ငါမင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံနေတာ
ရောင့်တက်မလာနဲ့ မင်းသိထားဖို့ကလူကြီးတွေစီစဉ်တိုင်း
ငါလက်ခံလိမ့်မယ်မထင်နဲ့"

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)Where stories live. Discover now