အပိုင်း(၈)
အတန်းပိုင်ဆရာမက နိုင်ငံတော်သီချင်း ဆိုပြီးသည့်တိုင် အခန်းတွင်းသို့ ရောက်မလာသေးသဖြင့် အတန်းထဲ၌ဆူညံနေကြသည်။ ထိုအထဲတွင်တော့ ကျောင်းရဲ့ ဂုဏ်ဆောင် ဥစ္စာပေါ ရုပ်ချော မင်းသားလေး ခီတန်ကူးဇဏ်တော့မပါပေ။ခီတန်ကူးဇဏ်သည် မြန်မာစာ အထက်တန်း စာစီစာကုံးစာအုပ်ကိုသာ တစိုက်မတ်မတ် ဖတ်နေသည်။
ရတုကလည်း ကျောင်းမလာသဖြင့် ဆူးမှာ ပျင်းရိနေသည်။ ဆူးမှာ ကျောင်းက မိန်းကလေးသူငယ်ချင်းများနှင့်လည်း သိပ်မတည့် ။ သူတို့ကအားနေ ခီတန်ကူးဇဏ်ကိုသာ ချောင်းနေတာ များသည်။ ဆူးကို တကယ်ခင်လို့ လာပေါင်းသည်ဆိုတာထက် ခီတန်ကူးဇဏ်နှင့် ရင်းနှီးချင်လို့ ဆူးကို တစ်ဆင့် ကြားခံအဖြစ်သာ လာရောက် ပေါင်းသင်းချင်တာ ဖြစ်သည်။
ဒီလိုကြတော့လည်း ပိုက်ဆံရှိလူတန်းစား ဖြစ်ရတာမလွယ်ဟု ဆူးထင်သည်။ ဒါ့ကြောင့်လည်း ခီတန်ကူးဇဏ်က ခပ်တည်တည်နေတတ်သွားတာ ဖြစ်မည်။
ဆူး ခုံကို ယူကာ ဇဏ့်အနားသို့ တိုးသွားလိုက်သည်။
"ဟဲ့ ဘာတွေ အဲ့လောက် ဖတ်နေတာလဲ "
သူ့ခုံရှေ့တည့်တည့်မှ သူ့ကိုမေးထောက်ကြည့်ကာမေးလိုက်တော့ ပြန်ရလိုက်တာက နှင်ထုတ်ခြင်း။
"နင်နဲ့မဆိုင်ဘူး သွား! "
"မသွားပါဘူး ငါပျင်းလို့ "
ဇဏ်က စိတ်ညစ်သလို သက်ပြင်းငွေ့ငွေ့ ချသည်။
ဘယ်လိုကောင်မလေးပါလိမ့်...။"ပြော "
"ဟဲ့ နင့်ကို ဆယ်တန်းက ဟိုအစ်မကြီး တာရီလင်းက ကြိုက်နေတာ သိလား"
"ဘယ်သူ "
ဇဏ် သူပြောသည့် နာမည်ကို မသိပေ၊ ဒါ့ကြောင့် မေးလိုက်သည် ။
"နင့်ကို မိုင်လို ပေးပေးနေတဲ့ တစ်ယောက်လေ "
"ဪ သူလား "
ဆူးက မျက်လုံးပြူး မျက်စံပြူးဖြင့်အနားသို့ အတင်းကပ်လာသည်။
" ဖယ်စမ်းပါ "
"နင်...နင်"
ဇဏ် ခပ်တည်တည်ကြည့်ပေးလိုက်တော့မှ အနားမှ နည်းနည်းခွာသွားသည်။ ဒီနေ့ကျမှ ဆရာမကလည်း မရောက်သေး ။ သူတကယ့်ကို သူငယ်ချင်းမတစ်ယောက်နဲ့ ဂွကျနေတာဖြစ်သည်။
![](https://img.wattpad.com/cover/289575809-288-k755504.jpg)
YOU ARE READING
Love Of My Life [Completed]
RomanceGenre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)