အပိုင်း(၃)
မိုးသန့်ညိမ်မှာ အီလည်လည်ကြီးဖြင့် သူ့လွယ်အိတ်ထဲသို့ အတင်းထိုးထည့်ပေးသော စာအုပ်များကို ယူလာရပြီး စာရွက်အပိုင်းအစလေးပေါ်တွင် ရေးပေးလိုက်သော လိပ်စာကိုကြည့်ကာ စာသင်ပေးရန်သာ ထွက်လာလိုက်သည်။
အေးပေါ့လေ ၊ ရည်းစားတစ်ခါမှ မထားဖူးတဲ့ FAကြီး ရည်စားရခါစ ဆိုဝောာ့ ပါရမီ ဖြည့်ပေးတယ်လို့ပဲ သဘောထားလိုက်ပါမယ်။
အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဟူ၍ ဆောင်ပုဒ်လေးတောင်ရှိသည်မလား။မိုးသန့်ညိမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ယူတတ်ရင် ကုသိုလ်ရပါတယ် မိုးသန့်ညိမ်ရယ်ဟု သူ့ကိုယ်သူ အားပေးကာ ထွက်လာလိုက်တော့သည်။
လိပ်စာကိုကြည့်မိတော့ ပိုက်ဆံရှိလူတန်းစားများနေထိုင်ရာ လူချမ်းသာရပ်ကွက်ဖြစ်နေသဖြင့် ဟုတ်မှ ဟုတ်ရဲ့လားလို့တောင်တွေးမိသည်။ ထိုအတွေးဟာ သော်မှူးပေးလိုက်တဲ့ လိပ်စာမှ အိမ်ကြီးကို မြင်မှ ကြက်သေ သေသွားရသည်။
"Wow လုံးဝ Great ကြီးဘဲ "
သူမျက်စိရှေ့၌ မြင်တွေ့နေရသော အိမ်ကြီးအား မြင်မြင်ချင်း ဟန်မဆောင်နိုင်စွာ အာမေဋိတ်သံများ ရေရွတ်မိ၏ ။
"ဒါ့ကြောင့် ဒီကောင်တစ်ရက်တောင် အလွတ်မခံနိုင်တာကို ..."
အိမ်ကြီးမှာ ခမ်းနားထည်ဝါသလောက် ခြံဝန်းတံခါးနှင့် အိမ်ပင် တော်တော်ကြီးကို လှမ်းလောက်မည်မှာ မြင်ရရုံနှင့် သူသိပါသည်။
ဒီလို သူဌေးရပ်ကွက်တွင်မှာမှ ဒီအိမ်ကြီးသည် အကြီးဆုံးဖြစ်သည်။ ထို့ကြောင့် အိမ်ပိုင်ရှင်၏ အရှိန်အဝါ ချမ်းသာမှုတို့သည် ရေတွက်ရုံပင် မရနိုင်လောက်မှန်း မြင်သူတိုင်းသိလောက်သည် ။
မိုးသန့်ညိမ် ခြံဝန်းရှိ ဘဲလ်ကို တီးလိုက်သည်။ ဘဲလ်ကိုတီးလိုက်မှ တံတိုင်းပေါ်ရှိ ကြေးပြားပေါ်မှ ရေးသားထားသော စာများကိုတွေ့လိုက်သည်။ အမှတ်(၄၃၁) ၊ Nwe Group ..လို့ ရေးထားခြင်းဖြစ်သည်။ Nwe Gp ဆိုကာမှ စီးပွားရေးသတင်းများတွင် ပါလေ့ရှိသော အစားအသောက် ၊ အ၀တ်အထည် စသည်ဖြင့် ကုမ္ပဏီပေါင်းများစွာနှင့် စာချုပ်ချုပ်ထားသော တစ်နည်းအားဖြင့် စီးပွားရေး ၊လူမှုရေး အဘက်ဘက်ဆိုင်ရာတွင် ရှယ်ယာပေါင်းများစွာ ပိုင်ဆိုင်သော တိုင်းသိပြည်သိ Groupကြီးတစ်ခု၏ အိမ်မှန်း သူသိလိုက်ရသည်။

VOUS LISEZ
Love Of My Life [Completed]
Roman d'amourGenre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)