အပိုင်း(၃၅)
Young & Dumb Club
ရန်ကုန်မြို့တွင် တစ်နေရာတွင် နီယွန်မီးများဖြင့် တလက်လက်တောက်ပနေသော နေရာတစ်ခု။ တစ်နည်းအားဖြင့် လူငယ်များ ပျော်စံရာ နေရာတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ပိုက်ဆံရှိလူကုံထံ သားသမီးများ လာရောက်နေသော နေရာတစ်ခု။
သာမာန်ကလပ်များသည် အသက်ပြည့်သည် မပြည့်သည်ကို အမြဲစစ်ဆေးလေ့ရှိကြသော်လည်း ယခုကလပ်မှာမူ တော်ရုံအသိုင်းအဝိုင်းမဟုတ်သည့်အတွက် ငွေသည်သာအဓိကပင်ဖြစ်သည်။ အသက်ပြည့်သည် မပြည့်သည်ကို ဂရုတစိုက်မရှိကြ။
ထိုကလပ်သို့လည်း တော်ရုံလူများ လာရောက်နိုင်ခြင်းလည်းမရှိပင်။ သူ့အရပ် သူ့ဇာတ်ပင်ဖြစ်သည်။စစ်သွေး၏အဖေသည်လည်း တော်ရုံလူမဟုတ်တာကြောင့် မြန်မာတွင် သူ့အရပ်နဲ့သူ ဩဇာရှိသည်ဟုဆိုရပေမည်။ ဒီကလပ်ကို သူတို့အသက်တစ်ဆယ့်ငါးနှစ်မှ စ၍ရောက်ဖူးခြင်း။ ထိုသည်မှာလည်း စစ်သွေးကဦးဆောင်ကာ ခေါ်လာခြင်းပင်။ ကလပ်ဆိုပေမဲ့ အတော်သန့်တာမို့ စစ်သွေးအဖေက မဆူသည့်အပြင် သူတို့ကိုဂရုစိုက်ပေးဖို့တောင် ထိုကလပ်ရှိ တာ၀န်ရှိသူများကို မှာထားပေး၏။
စစ်သွေး ဒယ်ဒီဆိုတာ သားကို အဲ့လိုအလိုလိုက်တတ်သည်။
အရင်တုန်းက လေးယောက်လာလေ့ရှိသော်ငြား ယခုတွင်မူ စစ်သွေးမရှိတော့။ စစ်သွေးနဲ့အဆက်အသွယ်ပြတ်ပြီးနောက်ပိုင်း ကလပ်အစား သူတို့အေးရိပ်ဆိုသော အအေးဆိုင်တွင်သာ ဆုံဖြစ်ကြတာ များသည်။ ယခုသည် ပထမဆုံးအကြိမ် စစ်သွေးမပါဘဲ သူတို့ လာရောက်ခြင်းဖြစ်သည်။
ကလပ်ထဲသို့ရောက်ရောက်ချင်း မျက်မှန်းတန်းမိသော မန်နေဂျာအစ်ကိုက သူတို့ကို စတင်နှုတ်ဆတ်သည်။
"ညီလေးတို့ လာ အပေါ်ထပ်မှာဝိုင်းပြင်ထားတယ် ။ သုံးယောက်ထဲလား "
"ဟုတ်တယ် အစ်ကို "
ရတု၀င်ပြောလိုက်တော့…
"လာခဲ့ကွာ ။ ကိုယ့်လူတွေပဲ"
သူတို့လည်း ထိုအစ်ကိုနောက်၌သာ လိုက်သွားလိုက်ကြသည်။ အပေါ်ထပ်မှာ Dance Floorမပါဘဲ ဘားနဲ့ ဝိုင်းသီးသန့်သာဖြစ်သည်။ အခန်းတစ်ခုစီမဟုတ်ဘဲ ညဝိုင်းတွေသာ ခပ်ကျဲကျဲရှိသည်။ သိနေတဲ့ သူတွေမို့ ထိုဝိုင်း၌သာပြင်ထားပုံရသည်။
![](https://img.wattpad.com/cover/289575809-288-k755504.jpg)
KAMU SEDANG MEMBACA
Love Of My Life [Completed]
RomansaGenre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)