အပိုင်း(၄၂)
ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာသော ကားနှစ်စီးသည် ကျယ်ဝန်းလှသည့် ခြံကြီးတစ်ခုအရှေ့တွင်ရပ်တန့်သွား၏။
ဦးမင်းနွယ်လည်း သားဖြစ်သူခေါ်ရာနောက် လိုက်ခဲ့သော်ငြား ဘယ်ဆီဘယ်ဝယ်မသိ။ ခြံရှေ့ရောက်မှသာ မာမီ၏ လုပ်ငန်းရှင်တစ်ယောက်အိမ်မှန်း သိရတာဖြစ်သည်။ သူ့ကို လိုက်တွေ့ပေးဟုပြောသော်လည်း သားဖြစ်သူက ကားတစ်စီးတည်းအတူမလာ ပြန်လာမှဝယ်ထားသော နက်ပြာရောင်ကားကိုသာ သက်သက်စီ စီးလာတာဖြစ်သည်။ခီတန်ကူးဇဏ် ကြိုတင်စီစဉ်ထားသည့် အတိုင်းပင် အရာအားလုံးက ဖြစ်လာသည်။ မဒေစီတို့အိမ်သည်လည်း လာမည်ကိုကြိုသိသည်ထင်၏။ ခြံတံခါးကို အမေးအမြန်းမရှိ ချက်ချင်းဖွင့်ပေးလာသည်။
ကားနှစ်စီးလုံး ပေါ်တီကိုအောက်မှာ ရပ်လိုက်တော့မှ သားအဖနှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်တော့သည်။ ခီတန်ကူးဇဏ်က စကားအရင်စလာသည်။
"ဒယ်ဒီ ဦးမင်းထင်မပါဘူးလား "
သူဝေ့ကြည့်လိုက်တော့ ကားပေါ်တွင် မတွေ့ဖူးသော လူစိမ်းကြောင့် မေးလိုက်သည်။ ဒယ်ဒီက ဘယ်သွားသွား သူ့လက်ထောက်ကိုသာ ကားမောင်းစေတာဖြစ်သည်။
"မင်းထင်ကို ကိစ္စတစ်ခုခိုင်းလိုက်လို့ အခြားတစ်ယောက်ခေါ်လာတာ။
ဒီကို ဘာလုပ်ဖို့လာတာလဲ သား ။ ဒါမင်းအဖွားနဲ့ ဖက်စပ်လုပ်ငန်းရှင်တစ်ယောက်ရဲ့အိမ်မဟုတ်လား ။ မင်းဘာတွေလုပ်ဖို့စဉ်းစားနေတာလဲ "
ထင်သည့်အတိုင်းပင် သူတို့နှစ်ယောက်၏ သတင်းကဒယ်ဒီ့နားထဲမရောက်သေး။
ခီတန်ကူးဇဏ်တွေးလိုက်မိသည်။
ဖွားက ဦးခီမင်းနွယ်ကို သားတစ်ယောက်လို့ရော သတ်မှတ်ပါရဲ့လား။ သူခပ်ဟဟရယ်လိုက်ရင်း…"တော်သေးတာပေါ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ အိမ်မှန်းတော့ သိသေးလို့ "
"ဘာ!"
"ဒီအိမ်ကလူကြီးမင်းနှစ်ယောက်ရဲ့ သမီးကိုကျွန်တော်နဲ့စေ့စပ်ဖို့ ဖွားကလုပ်နေတာ ။ အဲ့တာ ဒယ်ဒီလိုက်ငြင်းပေး ။ မဟုတ်သေးဘူး ။ ကျွန်တော်ပဲ အစအဆုံးပြောမယ် ၊ ဒယ်ဒီက အုပ်ထိန်းသူတစ်ယောက်အနေနဲ့ ခေါင်းညိတ်ပေးရုံပဲ "
![](https://img.wattpad.com/cover/289575809-288-k755504.jpg)
ESTÁS LEYENDO
Love Of My Life [Completed]
RomanceGenre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)