Epi(27)Unicode

9.2K 746 19
                                    

အပိုင်း(၂၇)

မိုးသန့်ညိမ်သည် အ၀တ်များကိုခေါက်ပြီး luggage ထဲသို့စီထည့်နေသည်။ ဘေးတွင်တော့ မတ်တပ်ရပ်ကာ ရပ်ကြည့် နေသော ခီတန်ကူးဇဏ် ရှိလေသည်။

"ညိမ်..."

"ဟင်"

"Makapuu Light House ကိုသွားမလား ။ မနေ့ကဆူးတို့သွားတဲ့နေရာလေ ။ ကျွန်တော်က ညိမ်အိပ်ရေးပျက်မှာစိုးလို့ မနှိုးတော့တာ"

"မသွားတော့ပါဘူး Oahuမှာ လည်စရာတစ်နေရာပဲကျန်တော့တာမလား ။  ပြန်ကြမှာပဲဟာ ၊ နောက်လည်းလာလို့ရတာပဲ"

"ညိမ့်သဘောပါ။ ဆူးက botanical gardenပဲသွားမယ်လုပ်နေတယ် "

"အင်း ။ သွားလေ ။ မင်းနဲ့အတူသွားပြီးပြီမို့ ကိုယ်မလိုက်တော့ဘူး။ သူငယ်ချင်းသုံးယောက်သွားပေါ့ ။ နောက်တစ်နေရာသွားမှ၀င်ခေါ်လေ "

"ညိမ် နေမကောင်းဘူးလား "

"ကောင်းပါတယ် ခီရဲ့ "

ညိမ်နှင့် ဒီနေ့မနက်တည်းက စကားပြောလို့အဆင်မပြေတာဖြစ်သည်။

မနက်စာစားတည်းက မျက်နှာကိုမကြည့်။ စားစရာရှိတာစားပြီး သူလုပ်စရာရှိတာလုပ်နေသော်လည်း သူ့စိတ်ထဲ၌တော့ သိပ်ပုံမှန်မဟုတ်ပေ။

စိတ်ကောက်နေတာများလား...။စိတ်ကောက်‌ရအောင်လည်း သူဘာမှမလုပ်မိပါဘူး။

"သွားတော့လေ ဆူးတို့လည်း အဆင်သင့်ဖြစ်နေလောက်ပြီ "

မိုးသန့်ညိမ်က သူ့မျက်မှန်ကို ပင့်တင်လျှက်ပင် ပြောသည်။

"ကျွန်တော် ညိမ်စားဖို့တစ်ခုခုလုပ်ပေးခဲ့မယ် ။ ဘယ်မှမသွားနဲ့နော် ။ စားစရာမှာရင်လည်း ကျွန်တော်စိတ်မချလို့ "

ညိမ်က သူ့ကိုဘာမှပြန်မပြော။ ခေါင်းသာ ညိတ်ပြသည်။

အမှန်ဆို ဒီလိုပုံက ညိမ့်ပုံစံမဟုတ်ဘူး။
ဘာလို့ရုတ်တရက် ငြိမ်သွားရတာလဲ ။

ခီတန်ကူးဏ်က စိတ်ရှုပ်နေသော မျက်နှာထားနှင့်သာ အခန်းပြင်သို့ထွက်သွားသည်။

ညိမ်လည်း ဘာပစ္စည်းမှ ကျန်မနေခဲ့စေရန် တစ်ခုချင်းစီသေချာစစ်ဆေးကာ သိမ်းဆည်းနေလိုက်သည်။ ဒီခရီးကို ဘာလို့လိုက်ခဲ့မိလဲဆိုတာကို ကိုယ့်ဟာကိုယ်တောင် စဉ်းစား၍မရ ။ သူစိမ်းတွေနဲ့ ခရီးတစ်ခုကို ဘာမှမထုတ်ပဲ ကပ်လိုက်တာဟာသူ့အတွက်  ဒီတစ်ခါ ပထမဆုံးနှင့် နောက်ဆုံးသာဖြစ်လိမ့်မည်။

Love Of My Life [Completed]Onde histórias criam vida. Descubra agora