အပိုင်း(၁၆)
ခီတန်ကူးဇဏ်သည် ခြံထဲမှ အပင်ရေလောင်းတဲ့ရေကရားကို ယူကာ ခြံ၀န်းထဲမှ ပန်းပင်တချို့ကိုရေလောင်းနေသည်။
ပန်းအိုးများ စီတန်းနေသည်ကို ကြည့်ကာ ရေးရေးပြုံးမိသည်။
ဇဏ်သည် ပန်းများပွင့်လာလျှင် အကူကောင်မလေးကို ခူးခိုင်းကာ သူ့အခန်းထဲရှိ ပန်းအိုးတွင် ထိုးထားမည်။ တစ်ခါတရံ စာလုပ်နေရင်း သူထိုင်ငေးလျှင် ငေးနေလိမ့်မည်။ တစ်ခါတရံ ပန်းလေးများကို မွှေးလျှင်မွေးနေလိမ့်မည်။ ပန်းလေးများခြောက်သွားလျှင်တော့ ခြွေကာ စာအုပ်လေးကြား ညှပ်ထားပါလိမ့်မည်။
ပန်းပွင့်ကလေးများ လှပစွာ ပွင့်လန်းလာစေရန်ရေလောင်းတာကအစ သူမြတ်နိုးစွာ လုပ်သည်။ ထိုသို့ သူမြတ်နိုးလှပါသော ပန်းပွင့်လေးပွင့်လာပါက အပင်ပေါ်တွင် သူမထားချင်။လှပစွာ ပွင့်လန်းလာသော ပန်းပွင့်ကလေးကို တစ်ပါးသူခူးသွားမှာ သူမလိုလားပါ။ သူအစအဆုံးအပင်ပန်းခံထားတာမို့ ပွင့်လျှင်လည်း သူပဲနမ်းမည်။ နွမ်းလျှင်လည်း သူတယုတယသာ စာအုပ်ကလေးကြား ညှပ်ထားပါမည်။ ပန်းပွင့်လေးသည် သူ့ကြောင့်သာပွင့်လန်းလာတာကြောင့် သူ့လက်ထဲတွင်သာ နွမ်းရပါလိမ့်မည်။
ဒါဟာသူ့ရဲ့ အတ္တဟုဆိုအပ်သော အဖြူရောင်အတ္တလေးပင်ဖြစ်သည်။"ဟေး လာအုံး "
ခြံထဲမှ အလုပ်လုပ်နေသော ကောင်မလေးအား သူခေါ်လိုက်တော့ သူ့နားသို့ အပြေးအလွှားရောက်လာ၏။
"ဟုတ် သခင်လေး ၊ ဘာခိုင်းစရာများရှိလို့လဲဟင်"
"ပန်းတွေကို ရေဆက်လောင်းလိုက်တော့ ။ ပြီးရင် ဆိုင်ကယ်တွေကို ရေးဆေးထားဖို့ ဖိုးထွန်းကိုပြောလိုက် "
"ဟုတ်ကဲ့ "
သခင်လေးသည် ခေါင်းညိတ်ကာ ထွက်သွားပြီးနောက် ပြောစရာရှိသလို သူ့အနားသို့ပြန်လှည့်လာပါ၏။
"နက်ပြာရောင်မပါဘူးနော်… အဲ့တစ်စီးကို ဘယ်သူ့မှမထိစေနဲ့ "
ကိုသော်မှူး ဖုန်းဆက်သဖြင့် အကြောင်းအရာတချို့ကိုသူသိပြီးဖြစ်သည်။

BINABASA MO ANG
Love Of My Life [Completed]
RomanceGenre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)