Epi(14) Unicode

10.4K 896 23
                                    

အပိုင်း(၁၄)

"သားစောစောစီးစီး ဘယ်သွားမလို့လဲ "

မနက်စောစောစီးစီး ရေမိုးချိုးပြင်ဆင်ထားတဲ့သူ့ကို ဒေါ်ဒေါ်က ‌မေးသည်။

"သား ဆူးနဲ့သွားစရာရှိလို့ "

သူ့အဖြေမှာ ဘယ်ရယ်စရာပါလဲမသိ ၊ ဒေါ်ဒေါ်က ရယ်သည်။ ပြီးမှ...

"အေးပါကွယ် သွားစရာရှိတဲ့သူကျတော့ အတူသွားကြပေါ့ ၊ ကောင်းပါတယ် ကောင်းပါတယ် "

ဒေါ်ဒေါ်က စ‌သလို‌ နောက်သလို ပြောလိုက်ပေမဲ့ ဒေါ်ဒေါ့်စကားကြောင့် မျက်နှာပျက်သွားရသူက ညိမ် ။ သူကိုယ်ကိုကိုယ် ဂေးလို့၀န်ခံပြီးမှ ရန်ကုန်ကိုပို့ခြင်းခံလိုက်ရတာကို ဒေါ်ဒေါ်မသိ ၊ မေမေတို့က ရှက်စရာကိစ္စတစ်ခုဟုထင်မှတ်ပြီး မပြောနဲ့ ဆိုသော အမှာစကားအောက် သူဒေါ်ဒေါ့်ကိုဖွင့်မပြောဖြစ်ခဲ့ ။ ဒေါ်ဒေါ်လည်း သူဘာဆိုတာ သိပုံမရပေ ။ ထို့ကြောင့်သာ သူ့ကိုဆူးနှင့်စ‌နေခြင်းဖြစ်လိမ့်မည်။

ဆူးက ချစ်စဖွယ်ကောင်မလေးပီပီ သွက်သွက်လက်လက်ရှိခြင်းကို‌ ဒေါ်ဒေါ်ကသဘောတကျရှိသည်။ ရှိသည်ဆို ဂျပန်မှာ တစ်အိုးတစ်အိမ်ထောင်ပြုသွားတဲ့ တစ်ဦး‌တည်းသော သမီးက ခပ်အေးအေးမလား ။

ညိမ်လည်း ဘာမှပြောမနေချင်တော့မို့ ပေါင်မုန့်ကြက်ဥကြော်ကိုသာ စားလိုက်ပြီး တိုက်အောက်သို့ဆင်းလာလိုက်တော့သည်။

နှစ်၀က်စာမေးပွဲတွေလည်း ဖြေရတော့မှာမို့ သူအရင်လိုအားမနေတော့ ၊ ဂိုက်‌ဆိုပေမဲ့ ဘာမှမထူးပါဘူး။ သင်ရတာက သင်ရတာဘဲ ။
သုံးလလောက် အတူသင်ပြီးတဲ့အခါမှာတော့ ဆူးနဲ့ ညိမ်လည်း အတော်လေးကို ရင်းနှီးလာပြီဖြစ်သည်။ဆူးမိဘတွေကလည်း သူ့တို့ကလေး၏ တိုးတက်လာသော ရလဒ်များအပေါ်တွင် တော်တော်လေး သဘောတကျရှိသဖြင့် သူရင်အေးပါ၏။ ဆူးကညိမ့်အတွက်တော့ တကယ့်ကို ညီမလေးအရင်းတစ်ယောက်ပင်။

Ring Ring…!

"ဟယ်လို "

"မလာသေးဘူးလား ကိုကြီး ဆူးစောင့်နေတာ "

"အင်း အင်း လာပြီ အစ်ကိုတိုက်အောက်ရောက်နေပြီဆူး "

"အင်း အင်း အဲ့တာဆိုလည်း ပြီးတာဘဲ "

Love Of My Life [Completed]Donde viven las historias. Descúbrelo ahora