Epi(41) Unicode

8K 679 45
                                    

အပိုင်း(၄၁)

"သခင်လေး စိတ်လှုပ်ရှားနေတာလား အိမ်ပြန်ရတော့မယ်ဆိုတော့လေ "

စောကြည်လင်အမေးကို သူဘယ်လိုပြန်ဖြေရမယ်မသိပေမဲ့ အမိမြေမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်အကြောင်း တွေးမိတော့ သူ့ရင်ထဲတော့ အေးချမ်းသွားသည်။

ခြောက်လဆိုတဲ့ ကာလက အခြားသူတွေအတွက် ဘယ်လောက်မှမရှိပေမဲ့ ရုပ်ကလေးမြင်ဖို့ အသာထား ချစ်ရသူရဲ့ အသံလေးပင်မကြားခဲ့ရတဲ့ သူ့အတွက်တော့ ခြောက်နှစ်စာနှင့် ညီမျှသည်။

ညိမ်က အဆက်အသွယ်ဖြတ်ပြီး တစ်လကျော်လောက်မှ သူ့ကို Emailတစ်စောင်ပို့ခဲ့သည်။ ချစ်သူရည်းစားသဘာ၀ ချစ်တယ် ၊ လွမ်းတယ် တွေမဟုတ်ဘဲ" မင်းဘ၀နဲ့မင်းနေတော့ "ဟူသော သူ့အတွက် နာမ်စားတစ်ခုပင်မပါသော စာလုံးခုနစ်လုံးက သူ့အတွက်တော့ ရူးသွားဖို့လုံလောက်ခဲ့ပါသည်။

ခြောက်လအတွင်း ညိမ်ဘာတွေလုပ်ပြီး ဘယ်သူတွေနဲ့ အတူရှိနေလဲသူမသိဘူး။ အကြောင်းပြချက် ရေရေရာရာမရှိဘဲ လွယ်လွယ်ကူကူမရခဲ့တဲ့ ဆက်ဆံရေးကို စာတစ်ကြောင်းနဲ့ဖြတ်တောက်ခဲ့သည့် သူကို စိတ်နာချင်ပေမဲ့လည်း စိတ်မနာရက်။ စိတ်မကောင်းတော့ဖြစ်မိသည်။ 

ယခုတော့ ကြိုတင်စီစဉ်ထားသည့်အတိုင်းပင် သူပြန်သွားရတော့မည်။ စစ်သွေးပျောက်နေသည်ကို သတိထားမိတော့ နောက်ဆုံးတစ်ခေါက်တွေ့ပြီးချိန်မှ စပြီး ပြင်သစ်နဲ့မြန်မာကို အိိမ်ဦးနဲ့ကြမ်းပြင်လို သွားလိုက်ပြန်လိုက်လုပ်နေသည်ဆိုသော ဆူးစကားတစ်ခွန်းသာ ကြားရသည်။

လူများစွာသွားလာနေသည့် လေဆိပ်ကိုကြည့်ပြီး သူခွဲခွာရမှာမို့ စိတ်မကောင်းမဖြစ်မိ ။ ခြောက်နှစ်တာကာလ ခဏတာနေခဲ့ပေမဲ့ သံယောဇဉ်ဆိုတာလည်း နည်းနည်းပင်မရှိ။

အချိန်တိုင်း ညိမ့်ကိုပင် သတိရမိသည်။အရင်လို ဆံပင်ညိုညိုလေးက ရှိနေဦးမှာလား။ မျက်မှန်လေးကရော အရင်အတိုင်းပဲလား။ သူ့ကိုတွေ့ရင် ခီလို့ခေါ်ပြီး ပါးမို့မို့လေးလေးမြောက်တက်သွားအထိ ပြုံးပြဦးမှာလား ။
ထိုသို့သော အတွေးများဖြင့်ပင် သူကျောင်းတက်စဉ်ကာလတွင်ပင် ဘယ်သူ့ကိုမှ စိတ်ထဲ‌မရှိတော့ ။ ကျောင်းတွင် team workလုပ်ရသည်များတွင်လည်း အတန်းဖော်များထံမှ "မျက်နှာတည်တယ် ၊ မပြုံးဘူး ၊ ဖော်ဖော်ရွေရွေမရှိဘူး "ဆိုသည့် တီးတိုးစကားသံများကိုလည်း နားနဲ့မဆံ့အောင်ပင် ကြားခဲ့ရသည်။

Love Of My Life [Completed]Où les histoires vivent. Découvrez maintenant