အပိုင်း(၃၀)
ပြက္ခဒိန်မှ နေ့ရက်တွေ တဖြည်းဖြည်းကုန်လွန်ပြီးနောက်တွင်တော့ ညိမ် အိမ်မှာနေရတာ အဆင်ပြေလာပါသည်။ ဖေဖေကလည်း ရောက်ရောက်ချင်းတုန်းက စကားမပြောပေမဲ့ နောက်တော့ အလျှော့ပေးလိုက်ပုံရသည်။
ညီငယ်ကတော့ ကျန်းမာရေးဂရုမစိုက်ခြင်းရဲ အကျိုးကြောင့် အစာအိမ်ဆိုသော ရောဂါတစ်ခုကို လက်ဆောင်ရလိုက်သည်။ ထိုရောဂါမျိုးက ဆေးသောက်ရုံနှင့် အရှင်းပျောက်သော ရောဂါမဟုတ်။ ဆေးလည်းသောက်ကာ မိမိ၏ စားချိန်သောက်ချိန်ကို ဂရုတစိုက်နေမှသာ သက်သာသည့် ရောဂါမျိုးဖြစ်သည်။
ဖေဖေက သူဂေးဆိုတာကို တဖြည်းဖြည်း လက်ခံလာပုံရပါသည်။ ထိုသည်မှာလည်း ညီငယ်၏ ဖြောင်းဖျပုံများကြောင့်လို့ မေမေကပြောသည်။
မန္တလေးသို့ ရောက်ခါစတွင် ဆူးကတော့ ဖုန်းဆက်ပြီး သတင်းမေးပါသည်။ သို့သော် တစ်ယောက်သော သူကတော့ ရောက်ခါစမှ အခုချိန်အထိ အဆက်အသွယ်ပင် မလုပ် ။ သဘောကျတယ်ဆိုတဲ့ စကားဟာ မှန်ရောမှန်ရဲ့လားဟုပင် တွေးမိသည်။
သော်မှူးကတော့ ခဏခဏဖုန်းဆက်ကာ တဂျီဂျီနဲ့ပင်ဖြစ်သည်။ သော်မှူးက ဆူးနှင့်ပင်အဆင်ပြေပုံရသည်။တစ်ခါတလေ ညည်းပေးမဲ့လို့ပေါ့ ။
ဒါဆို ဟိုကလေးကို ဘယ်သူသင်ပေးနေတာပါလိမ့်။သူလည်း ရန်ကုန်ကို ပြန်ဖို့အတွက် လိုအပ်သည့် ပစ္စည်းများကို ထည့်နေမိသည်။ အရင်တစ်ခါက လောလော လောလောနှင့် သွားခဲ့ရသည်မို့ ဘာမှမယူဖြစ်လိုက်ပေ။
"သား "
ရုတ်တရက် မေမေက အခန်းထဲသို့ ၀င်လာသည်။ မျက်နှာကလည်း တစ်ခုခုကို ပြောရခက်နေသလို။
"မေမေ ဘာဖြစ်လို့လဲ "
"သား အိမ်ရှေ့မှာ ။ ယသော်လေးရောက်နေပြန်ပြီ "
ထိုစကားကို ကြားလိုက်သည်နှင့် မိုးသန့်ညိမ်မျက်နှာမှာ ကွက်ခနဲ ပျက်သွားသည်။
သူမတွေ့ချင်တော့ဘူးလေ။ဘာလို့ထပ်လာရတာလဲ ။ဘာတွေများ ထပ်ပြီးဖြစ်စေချင်သေးတာလဲ ။
"သား သူ့ကိုမတွေ့ချင်ဘူး မေမေ "
"သားရယ် ခဏလေးတွေ့လိုက်ပါ ။ သူကသားကို အရမ်းတွေ့ချင်နေပုံပဲ "

BẠN ĐANG ĐỌC
Love Of My Life [Completed]
Lãng mạnGenre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from Pinterest)