Part-1

1.7K 95 15
                                    

Unicode

"အား မဖြစ်ရဘူး"

အသံနက်ကြီးနဲ့အတူ ဂျယ်ယွန်းနိုးထလာမိသည်။
ဒီလိုအိပ်မက်မျိုး သူမက်နေတာ တစ်ကြိမ်လည်းမက၊နှစ်ကြိမ်လည်းမက..

အိပ်မက်ထဲမယ် သူသည် နန်းတွင်းအဝတ်အစားတွေနဲ့ တခမ်းတနား သူထင်တာ မမှားရင် သူသည် အိမ်ရှေ့မင်းသားဖြစ်လောက်သည်။
သူမက်သည့်အိပ်မက်သည် အမြဲထိုပုံစံသာ..
သူနှင့် သိပ်ကိုကျက်သရေရှိသည့် အမျိုးသမီးတစ်ယောက်သည် မင်္ဂလာပွဲကို ကျင်းပနေသည်။
သို့သော် သူ့မျက်နှာသည် ပြုံးမနေ..
သူ့ဘေးရှိအမျိုးသမီးကတော့ တစ်ခုခုကို အပိုင်စားရသွားသလို ပြုံးနေသည်။
ထိုအချိန်တွင် လူတစ်ယောက်က ဝင်လာပြီး သူ့လည်ပင်းကို သူ့ဘာသာသူပင် ဓားနဲ့ဖြတ်လိုက်သည်။
ထိုလူ့မျက်နှာကို သိပ်ပြီးသဲသဲကွဲကွဲမမြင်ရ..
သူနှင့်သိသည့်လူပဲလား မသိတဲ့လူလားဆိုတာ ဝေခွဲမရ
အိပ်မက်မက်လိုက်တိုင်း ထိုလူ မင်္ဂလာဆောင်ထဲ ရုတ်ချည်းဝင်လာပြီး သူ့ကိုယ်သူသတ်သေသည့်အထိသာ မက်တတ်သည်။
ဒီထက်ပိုပြီး ရှေ့ဆက်မမက်..
ဒီနေရာတွင်သာ အိပ်မက်က တန့်သွားတတ်သည်။

အရင်ဘဝအကြောင်းကို မက်နေသည်လား...။
သူ့စိတ်ထဲမှာ တစ်ခါမှ မကြုံဖူးသည့်အရာတွေကို မက်နေတာ အကြိမ်မနည်းတော့
သူ10နှစ်သားအရွယ်လောက်ကတည်းက ဒီလိုအိပ်မက်မျိုးကို သူမက်နေတာဖြစ်သည်
သူနဲ့ဘာတွေများ သက်ဆိုင်နေတာပါလိမ့်

တွေးနေရင်း နာရီကိုကြည့်လိုက်မိတော့ နံနက်8နာရီ
ကျောင်းက 9နာရီတက်မှာဖြစ်တာကြောင့် အမြန်ပြင်ဆင်ရတော့မည်
မေမေကတော့ အောက်ရောက်တာနဲ့ ဆူဖို့စောင့်နေလောက်ပြီ

ဝရုန်းသုန်းကားဖြင့် ကျောင်းသွားဖို့ပြင်ဆင်ကာ အိမ်အောက်တွင် သူ့ကိုပြောဖို့စောင့်နေသည့် မေမေ့ကို မျက်နှာချိုသွေးပြရသည်

"ရှင်းမ်ဂျယ်ယွန်း မနက်တိုင်း alarmပေးထားပါလို့ မေမေမပြောဘူးလား"

"ပြောပါတယ် မေမေ"

"မလုပ်ဘူးလား"

"လုပ်ပါတယ်"

"လုပ်ရဲ့သားနဲ့ အိပ်ရာထက ဘာလို့နောက်ကျ"

"သား alarmပိတ်ပြီး ပြန်အိပ်နေလို့"

Love In The PastWhere stories live. Discover now