Unicode
ဒီနေ့က မင်္ဂလာဆောင်နေ့
ထိုနေ့မတိုင်ခင်ထိ ဂျယ်ယွန်းထွက်ပြေးဖို့ အမျိုးမျိုးကြိုးစားခဲ့ပေမယ့် ကံတရားက သူ့အပေါ် လုံးဝမျက်နှာသာမပေးခဲ့
အခုချိန်လောက်ဆို နန်းပြင်မှာရှိနေတဲ့ ဆောင်ဟွန်းလည်း အကြောင်းစုံကို သိနေလောက်ပြီပေါ့သူ့ကို စိတ်နာမယ်ဆိုလည်း နာစရာပါ
သူနဲ့တူတူထွက်ပြေးမယ်ဆိုပြီး ဆောင်ဟွန်းအကြံပေးခဲ့တုန်းက သူဒီတိုင်း အင်းဆိုပြီး ခေါင်းငြိမ့်ခဲ့ရမှာ
အခုတော့ သူတို့အဖြစ်က ဝေးရတော့မယ့်အဖြစ်သူတခြားဟာကို စိတ်မပူ
သူနှင့် နောက်ဆုံးတွေ့ခဲ့သည့်နေ့က ဆောင်ဟွန်းပြောခဲ့သည့်စကားကို သူ့စိတ်ထဲ ထင့်နေမိသည်"မင်း ချွဲယူရီဆိုတဲ့သူနဲ့ လက်ထပ်ရဲ လက်ထပ်ကြည့် ငါ မင်းတို့မင်္ဂလာဆောင်ထဲကို မရရအောင်ဝင်ပြီးတော့ ငါ့ကိုယ်ငါသတ်သေပစ်မယ် မင်းရှေ့မှာတင် သတ်သေပစ်မယ် စောင့်ကြည့်နေ ယွန်း"
သူ့စကားက နားထဲမှာ ပဲ့တင်ထပ်သံလို ပြန်ကြားယောင်နေမိသည်
မလုပ်လောက်ပါဘူးဟု စိတ်ကို အတင်းထားပြန်ပေမယ့် ဆောင်ဟွန်းက သူပြောလိုက်လျှင် အမှန်တကယ်ဖြစ်အောင် လုပ်တတ်သူမို့ ဂျယ်ယွန်းစိတ်ထဲ စိုးရိမ်မှုဒီဂရီက မြင့်တက်လာရသည်"မင်းသား မင်္ဂလာပွဲစတော့မှာမို့ အဆင်သင့်ပြင်ဆင်ထားရပါတော့မယ်"
နန်းဆောင်ရှေ့က အထိန်းတော်ကြီး၏ စကားသံကြားမှ ဂျယ်ယွန်းအသိပြန်ဝင်လာရသည်
နောက်ဆုံး သူမလုပ်ချင်တဲ့လက်ထပ်ပွဲကို နိုင်ငံအတွက်ဆိုသည့် ခေါင်းစဉ်အောက်မှာ သူတကယ်လုပ်ရတော့မည်"ဟူး"
သက်ပြင်းတစ်ချက်ကို အသာချကာ ပြင်ဆင်ပြီး စောင့်နေရသည်
စိတ်ထဲမယ်တော့ စိုးရိမ်မှုက မပျောက်ချေ~~
မင်္ဂလာပွဲသို့ ရောက်ပြန်တော့လည်း ဂျယ်ယွန်းမျက်လုံးတို့မှာ မငြိမ်နိုင်
ဟိုကြည့်ဒီကြည့်ဖြင့် ဆောင်ဟွန်းကို ရှာနေရသည်
သူ၏ မငြိမ်သော မျက်လုံးများနှင့် မျက်လုံးချင်းစုံရန် လိုက်စုံနေသော ချွဲယူရီကိုလည်း သူစိတ်ပျက်လှသည်
ထိုမိန်းမ၏ မျက်နှာပေါ်တွင် ပန်ဆင်ထားသည့် အောင်နိုင်သူအပြုံးမျိုးကလည်း ရွံရှာစရာကောင်းလွန်းလှပါသည်
YOU ARE READING
Love In The Past
Fanfictionအရင်ဘဝမှာတော့ မင်းနဲ့ကိုယ်ဟာ ပေါင်းစည်းဖို့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကြောင့် ဝေးကွာခဲ့ရပေမယ့် ဒီဘဝမှာတော့ ဘယ်လိုအကြောင်းပဲရှိရှိ ဘယ်လိုကံကြမ္မာတွေပဲ ဖန်လာပါစေ ထပ်မဝေးကြတော့ရအောင်