Part-4

571 82 16
                                    

Unicode

"ယွန်း ငါတို့ တူတူထွက်ပြေးကြရအောင်"

"မဖြစ်နိုင်တာ ဟွန်း ငါ ဒီတိုင်းထွက်ပြေးသွားရင် ခမည်းတော်က လူလွှတ်ပြီး လိုက်ရှာလို့ မိသွားတဲ့အခါ ငါတို့နှစ်ယောက် တကယ်သေသွားလိမ့်မယ်"

"နည်းလမ်းက ဒီတစ်ခုပဲရှိတော့တာကို ဘယ်လိုလုပ်ချင်သေးတာလဲ ချွဲယူရီဆိုတဲ့သူနဲ့ လက်ဆက်လိုက်တော့မလို့လား ယွန်း"

"ကျဉ်းထဲကျပ်ထဲရောက်နေတဲ့အချိန်မှာ နည်းလမ်းကိုတော့ ချက်ချင်းရှာလို့ ဘယ်ဖြစ်နိုင်ဦးမှာလဲ ထွက်ပြေးမယ်ဆိုတဲ့အတွေးကြီးထိတွေးပြီး မရူးမိုက်ချင်စမ်းနဲ့ ဟွန်း"

"ထွက်ပြေးမယ်ဆိုပြီး ရူးမိုက်တာမဟုတ်ဘူး အိမ်ရှေ့စံတစ်ပါးကိုစပြီးချစ်မိလိုက်ကတည်းက တစ်နေ့မှာ ဒီလိုဖြစ်မယ်ဆိုတာကို ငါကြိုတွက်ထားပြီးသား ဘဝမှာ တစ်ခါလောက်လေး သတ္တိရှိလိုက်ပါ ဘုရင်တစ်ပါးရဲ့ အရှိန်အဝါက မသေးဘူးဆိုတာလည်း သိတယ် လိုက်ရှာပြီး အကယ်၍ ဖမ်းမိခဲ့မယ်ဆိုရင် နှစ်ယောက်လုံး သေမယ်ဆိုတာလည်း သိတယ် သေရင်တောင် ချစ်ရတဲ့သူနဲ့ အတူတူသေရတာပဲ ငါတော့ မကြောက်ဘူး ယွန်း မင်းသတ္တိရှိဖို့ပဲ လိုနေတာ တစ်ကြိမ်လောက် ငါ့မျက်နှာကိုပဲဖြစ်ဖြစ် ငဲ့ကြည့်ပြီး သတ္တိမွေးလိုက်စမ်းပါ ရှင်းမ်ဂျယ်ယွန်း"

"ရူးမိုက်တာတွေ ငါမလုပ်ချင်ဘူး ငါပြန်တော့မယ် ဟွန်း"

"မင်း ချွဲယူရီဆိုတဲ့သူနဲ့ လက်ထပ်ရဲ လက်ထပ်ကြည့် ငါ မင်းတို့မင်္ဂလာဆောင်ထဲကို မရရအောင်ဝင်ပြီးတော့ ငါ့ကိုယ်ငါသတ်သေပစ်မယ် မင်းရှေ့မှာတင် သတ်သေပစ်မယ် စောင့်ကြည့်နေ ယွန်း"

အိပ်မက်သည် ဒီမျှသာ မက်ကာ alarmသံကြောင့် ဂျယ်ယွန်းနိုးလာခဲ့သည်
ဒီအိပ်မက်ထဲတွင်တော့ အရာအားလုံး အထင်အရှား
သူနဲ့ ဆောင်ဟွန်းသည် အရင်ဘဝက ဘယ်လိုတော်စပ်မှုမျိုးပါလဲ
ချွဲယူရီကရော ဘယ်လိုပတ်သတ်မှုမျိုးလဲ
သူကရော အိမ်ရှေ့စံတစ်ပါးလား??
မေးခွန်းပေါင်းများစွာကို တွေးပြီးနောက်တွင် ခေါင်းကိုက်လာတာကြောင့် ဆက်မစဉ်းစားတော့ပဲ ရေမိုးချိုးပြင်ဆင်လိုက်သည်

Love In The PastWhere stories live. Discover now