Part-8

416 53 7
                                    

Unicode

ရဲအုပ်ထွက်သွားပြီး ခဏကြာတော့ ဆောင်ဟွန်းရောက်လာသည်

"ဂျယ်ယွန်း"

"မြန်လိုက်တာ ကားကို ဘယ်လိုများမောင်းလာတုန်း"

"စိတ်ပူလို့ မြန်မြန်မောင်းလာလိုက်တာ မီးဘာလို့ လောင်ရတာလဲ ပစ္စည်းတွေရော ဘယ်လောက်လောက်ဆုံးရှုံးသွားလဲ"

"ပစ္စည်းတွေကတော့ အကုန်နီးပါး ဆုံးရှုံးသွားတာ မီးလောင်ရတဲ့အကြောင်းအရင်းကတော့ အကိုဂျွန်အာရော ရဲအုပ်ကရော ရှို့မီးလို့ပဲ ထင်တယ်လို့ပြောတယ် ရြှိုမီးသာဆို ငါတွေးမိတာ တစ်ယောက်တည်းရှိတယ် ဆောင်ဟွန်း"

"အင်း ငါလည်း ထင်မိတယ် တရားခံကတော့ ဒီအချိန်ထွက်ပြေးလောက်ပြီပေါ့"

"အင်းပေါ့ ဂိုထောင်က မီးလောင်သွားတော့ အထဲက CCTVတွေကြည့်ဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်လောက်ဘူး ထင်တယ်"

"ဂိုထောင်ရဲ့ အပြင်ဘက်မှာ CCTVတစ်လုံးရှိသေးတယ်မလား သွားကြည့်ရအောင် ဂျယ်ယွန်း"

"အင်း ဆောင်ဟွန်း"

~~

ဆောင်ဟွန်းနဲ့ ဂျယ်ယွန်းလည်း စက်ရုံမန်နေဂျာကိုပါခေါ်ပြီး CCTVကို သွားကြည့်ကြတယ်

CCTVက ရိုက်မိထားပုံအရ အကိုဂျွန်အာတို့ အပြင်မှာ ပစ္စည်းတွေ သယ်နေတဲ့အချိန် အလုပ်သမားတစ်ယောက်က အထဲကို တိတ်တိတ်လေးခိုးဝင်သွားတာကို တွေ့လိုက်ရသည်

"ခဏလေး အဲ့တစ်ယောက်က ဘာလို့ အထဲပြန်ဝင်သွားတာလဲ အကိုဂျွန်အာ အဲ့အလုပ်သမားက ဘယ်သူလဲ"

"သူက မင်ဆောဂျွန် အလုပ်ဝင်တာ သိပ်မကြာသေးဘူး အရင်က သူ့မိဘတွေက ချမ်းသာရာကနေ ရုတ်တရက် သူတို့company ဒေဝါလီခံသွားရတာတဲ့ သူက ပညာတတ်လည်းမဟုတ်တော့ ဒေဝါလီခံရပြီးနောက်ပိုင်းမှာ ‌ဒီမှာ လာလုပ်ရတာပဲ သူဌေးသားဖြစ်ခဲ့တာဆိုတော့ အရမ်းလည်း အကြမ်းမခံနိုင်ဘူး"

"အဲ့တော့ အကိုဂျွန်အာပြောပုံအရဆို ဒီဂိုထောင်ကို မီးရှို့ဖို့ တစ်ယောက်ယောက်က သူ့ကို ပိုက်ဆံအများကြီးပေးပြီး ခိုင်းလာမယ်ဆို သူလုပ်နိုင်မှာပဲ "

Love In The PastWhere stories live. Discover now