Part-6

553 71 15
                                    

Unicode

ဆောင်ဟွန်း ဂျယ်ယွန်းကို ဖွင့်ပြောပြီးသည့်နောက်တွင် သူ့အပေါ် သိသိသာသာဂရုစိုက်ပြလာသည်ကို ဂျယ်ယွန်းသာမက ဟီဆွန်းရော ဂျုံဆောင်းပါ သတိထားမိလာသည်။
အရင်က အေးတိအေးစက်ပုံကြီးကနေ အခုလို ဂျယ်ယွန်းအပေါ် ဂရုစိုက်ပြလာသည်ကို ကြည့်ပြီး ဟီဆွန်းတို့နှစ်ယောက်မှာ ပါးစပ်အဟောင်းသား

ပြီးတော့ ပါးစပ်ကလည်း အငြိမ်မနေ
ဂျယ်ယွန်းကို သူဖွင့်ပြောထားကြောင်းကိုလည်း တစ်ကျောင်းလုံးကို ပတ်ကြွားနေသေးသည်
ကျောင်းတော်ထဲရှိ လူအပေါင်းကတော့ သူ့ကို 'ဆောင်ဟွန်းတစ်ယောက် ဆေးမမှီတော့ဘူး' ဆိုသည့် အကြည့်နှင့် ပြန်ကြည့်တတ်သည်
သို့သော် သူကမမှု
သူ့ဘေးမှာ ဂျယ်ယွန်းရှိရုံနှင့်ဖြစ်ပါသည်တဲ့

ဂျယ်ယွန်းတွေးမိနေသည့် တစ်ခုတည်းသော ထူးဆန်းသည့် အရာလည်း ရှိပါသေးသည်
သူအရင်က မက်နေကျ အိပ်မက်သည် ပုံမှန်ဆို တစ်ပတ်ကို နှစ်ကြိမ်လောက်မက်တတ်သည်
သို့သော် ဆောင်ဟွန်း သူ့ကို ဖွင့်ပြောလိုက်သည့်နေ့မှ စ၍ ထိုအိပ်မက်မမက်တော့
ဟိုနေ့ညကတည်းက အိပ်မက်က မက်နေရင်း တန်းလန်းကြီးမို့ နောက်ဆက်ဖြစ်မည့် အရာကို သူသိချင်နေသည်

ဆောင်ဟွန်းနဲ့ သူနဲ့က အရင်ဘဝမှာရော ပေါင်းသွားခဲ့ရသလား။
ချစ်လျက်နဲ့ သေကွဲကွဲခဲ့ရသလား
အရှေ့က မက်ခဲ့သည့် အိပ်မက်များနှင့် ဆက်စပ်ကြည့်လျှင် သူက ချွဲယူရီနှင့် ယူလိုက်ရပြီး ဆောင်ဟွန်းက သတ်သေသွားသည်လား

"ရှင်းမ်ဂျယ်ယွန်း ဘာတွေတွေး"

တွေးနေတုန်း ဆောင်ဟွန်းက သူ့ကို လှမ်းပြီး အော်ခေါ်လိုက်တာကြောင့် သူလန့်သွားပြီး တွေးလက်စ အတွေးစတို့က တစ်စစီပြန့်ကျဲသွားသည်

"ဟမ် ဘာမှမဟုတ်ဘူး မင်းကလည်း လန့်လိုက်တာ အသံမပေး ဘာမပေးနဲ့"

"ငါလှမ်းခေါ်နေတာကြာပြီ မင်းဘာသာ မကြားတာ"

"ဟုတ်လား ငါ နက်နက်နဲနဲတွေးမိနေလို့ဖြစ်မယ်"

ဂျယ်ယွန်းပြန်ပြောပြီး တစ်ခုကို သတိရသွားသည်
ဆောင်ဟွန်း အရင်က သူ့ကိုပြောပြဖူးသည်
သူလည်း အရင်က ထိုကဲ့သို့ အိပ်မက်မျိုးမက်ဖူးကြောင်းနှင့် အိပ်မက်ပုံစံမှာလည်း နန်းတွင်းပုံစံမျိုးဖြစ်ကြောင်း...။
သူ့အိပ်မက်နှင့် ဆက်စပ်မှုရှိကောင်းရှိနေနိုင်သည်

Love In The PastWhere stories live. Discover now